Extra 2

2K 133 4
                                    

အချစ်ဆိုတာ ဘယ်အချိန်ခါမှာဘယ်လို
ပုံစံမျိုးနဲ့ ကိုယ့်​ဆီရောက်လာမလဲဆိုတာ ကြိုမသိနိုင်ဘူး။ ဒ့ါ​ကြောင့်ပဲ ကိုယ်ချစ်
ရမိသွားမယ့်လူကို ရွေးချယ်ခွင့်မရှိဘူး။
လူရှိုင်း ဆိုတဲ့ကောင်လေးကလည်း
ထိုနည်းတူပဲ။ ဘက်စ်ကားပေါ်မှာ
တဒင်္ဂလေး တွေ့ခဲ့တဲ့ ဂျင် ဆိုတဲ့ကောင်
လေးကိုချစ်မိခဲ့တယ်။ သူချစ်မိတဲ့
ကောင်လေးက ညဥ့်ငှက်လေးတဲ့လေ။
ဘယ်တက်နိုင်မပါ့မလဲ ချစ်မိပြီဆိုမှ
အဆိုးအကောင်း အရာအားလုံးကို
လက်ခံရတော့မှာပေါ့။

ရှေးရိုးစံ ကို သူသိပ်ချစ်တယ်။
အနာအဆာတွေပြည့်နေရင်တောင်
သူကိုယ်တိုင်ဖာတေးပြုပြင်ပြီး ချစ်နေ
အုံးမှာ။ အများရဲ့ အချစ်သူရဲကောင်း
ဆိုတဲ့ ချီးကျူးတစ်မျိုးခနဲတစ်ဖုံပါဝင်
နေတဲ့စကားကို သူက ပြုံးပြုံးကြီးနား
ထောင်နေမှာ။

အဓိက က ရှေးသူံအနားမှာရှိနေဖို့ပဲ။
အခြားအမြင်တွေဝါဒတွေသုံးသပ်ချက်
တွေ ဖေးမသယောင်ထိုးနှက်နေခြင်း
တွေကို နည်းနည်းမှဂရုမစိုက်ဘူး။
ရှေး ချန်ရစ်ခဲ့တဲ့နေ့ရက်တွေမှာသူဘယ်
လောက်တောင် အရှင်လတ်လတ်ငရဲ
ကျခံရသလို နေခဲ့ပြီးပြီလဲ။ အခုတော့
အတိုးချ ပျော်ရအုံးမယ်လေ။

လူရှိုင်းသူ့အတွေးနှင့်သူ ပြုံးလျက်
ရှေးရှိနေရာ မီးဖိုချောင်ထဲသို့ဦးတည်
လာလိုက်သည်။။ မနက်ခင်းအစောပိုင်း
ဖြစ်တာကြောင့် ရှေး က မေကြီးစျေးမှာ
မည့်စရင်းများကို စာရွက်တစ်ရွက်မှာ
အပီမပြင်လက်ရေးများနှင့် ချမှတ်နေ
တာမြင်တော့ လူရှိုင်းက ဘောပင်ကို
လက်လွှဲယူလိုက်ပြီး ကူမှတ်ပေးသည်။

"​မောင်ရေးပေးမယ်"

ထိုအခါမှာတော့ မေကြီးရဲ့မျက်စောင်း
ဟာ လူရှိုင်း အပေါ် ကျရောက်လာပြီး
ရှေးကတော့ မနေတတ်ဟန်နှင့် ခပ်ချွန်
ချွန်လက်သည်းများနဲ့ သူ့နားထင်ကိုသူ
ကုတ်နေ၏။

"ဒါပဲလား မေကြီး"

"အင်း...မနက်စာစားပြီးရင်မင်းနဲ့သူ့ကို
ပါတစ်ခါတည်းခေါ်သွားပြီး စျေးမှာ
ချပေးလိုက်"

"ဟုတ်"

ဖေကြီးလည်းဝင်လာပြီဖြစ်တာကြောင့်
ရှေး က ခပ်သွက်သွက်ထကာ မနက်စာ
အတွက် အသင့်ကြော်ထားတဲ့ထမင်း
ကြော်ကို ခူးခပ်ပြင်ဆင်ပေးသည်။
လက်ကိုင်ပုဝါကအစ သေချာပြင်ဆင်
ပေးနေတဲ့ ရှေး က မေကြီးကြည်ဖြူ
အောင်အမျိုးမျိုးကြိုးစားရှာ၏။
ဖေကြီးကတော့ သူတို့နှစ်ယောက်ကို
မေးထူးခေါ်ပြောသာရှိ၏။ ဝင်လည်း
မစွက်ဖက်သလို ကောင်း၏ဆိုး၏
လည်းအရေးတယူလုပ်၍ မပြောပေ။

ညဥ့်ငှက်လေး ကိုမှ ချစ်မိလေပြီ(ညဥ့်ငှက်လေး ကိုမှ ချစ်မိလေပြီ)Donde viven las historias. Descúbrelo ahora