Final

3.9K 235 25
                                    

' အဆင်မပြေမှုတွေ ဒုက္ခတွေ
ကြုံခဲ့ရသမျှ အတွေ့အကြုံတွေက
ငါ့နှလုံးသားကို မညှာမတာရိုက်နှက်
ထားတယ်။ အပျက်ဆန်တဲ့ရှင်သန်
မှုနဲ့ ရှင်သန်နေရတဲ့ကောင်ပါ။
ခင်ဗျား ကိုလက်လှမ်းပြီးဆွဲခေါ်ဖို့
အထိ ဒီအပျက်ကောင်ကမဝံ့ရဲဘူး။
ဘဝပေးကုသိုလ်ကံ မကောင်းမှု
ကြောင့် ဒီဘဝရောက်နေပေမယ့်
အတ္တလေးတော့ ကင်းပါရစေ '

ရှေးချန်ရစ်ခဲ့သည့်စာမှာပါရှိသည့်
တစ်စိတ်တစ်ပိုင်းသော စာစုလေး
ကို ပြန်ဖတ်ရင်း လူရှိုင်း ခေါင်းအုံး
ကြား မျက်နှာတိုးဝှေ့လိုက်တယ်။
အခုချိန်မှာ ပင်ပန်းနွမ်းနယ်လွန်း
နေတဲ့နှလုံးသားလေး​ကြောင့်
ချောင်တစ်ချောင်မှာဝင်ခွေချင်တာပဲ
သိတော့တယ်။ ဘာတစ်ခုမှ မခံစား
ချင်တော့သလို လောကကြီးက
လူရှိုင်း ဆိုသည့် လူတစ်ယောက်၏
ဖြစ်တည်မှုကနေပါ ပျောက်ကွယ်
သွားချင်မိတယ်။

ထားခဲ့ရက်လေခြင်းဆိုပြီးမေ့ဖျောက်
ဖို့ ကြိုးစားနေလျက်နဲ့တောင်
နာနာကျင်ကျင် လွမ်းနေတာမျိုးက
ဘယ်လိုတောင် အမှတ်မိရှိတဲ့
နှလုံးသားကြောင့်လဲ။
ဟင်း...ဒီလိုလဲပြောလို့မရလေဘူး။
ဟိုးအရင်ကတည်းက သူကိုကရှေးနဲ့
ပတ်သက်ရင် သည်းခြေမှ မပါလာဘဲ။

တစ်ချိန်မှာ နီးနိုင်သေးတယ်ဆိုတဲ့
အသိနဲ့ကြုံနေရတဲ့နေ့ရက်တိုင်းမှာ
မင်းငါ့ဆီကထွက်ပြေးနေတယ်ဆိုတာ
ကို ငါမသိခဲ့ဘူး။
မင်းနဲ့ပတ်သက်ရင် ငါက အချစ်
တစ်ခုပဲသိပြီး သိပ်ကိုညံ့ဖျင်းလွန်း
ခဲ့ပါတယ်။

လူရှိုင်းတစ်ချက်ရှိုက်ရင်းခေါင်းအုံး
ကိုယူကာ အဝေးသို့ပစ်ပေါက်
လိုက်တယ်။

ခံနိုင်ရည်တွေကုန်ဆုံးတဲ့တစ်နေ့
ဟိုးအဝေးကြီးကို ပြေးထွက်သွား
မယ်ဆိုတဲ့ကိုယ်က ပြောခဲ့ပေမယ့်
တကယ်တမ်း ထွက်ပြေးသွားခဲ့သူက
ရှေး။ တကယ်မတရားဘူး။
အလကား လျှောက်လှမ်းရမယ့်
ပန်းတိုင်မှာ ပတ်ဝန်းကျင်ကိုထည့်
တွက်ပြီး သူ့ကိုထားခဲ့တာ။

ကိုယ်ကတော့ မင်းအနားမှာနေရ
တာသာကို ခုံမင်တယ်။တခြားဘာမှ
မလိုချင်ဘူး။ ကိုယ့်ပျော်ရွှင်မှုတွေကို
မင်းနဲ့ပဲဝေမျှချင်တယ်။ မင်းအနားမှာ
ရှိခွင့်ရတိုင်းအရမ်းပျော်တယ်။
ပျော်လွန်းလို့လည်းစိတ်ပူရမယ့်
အရာ ပတ်ဝန်းကျင်ကိုတောင်မေ့တဲ့
အထိပဲ ဒါပေမယ့် မင်းကတော့
ဒီပတ်ဝန်းကျင်ကိုမမေ့ခဲ့ဘူး။
ကိုယ်လည်းမမေ့ပါဘူး။
လျစ်လျူရှုခဲ့ရုံပါ။

ညဥ့်ငှက်လေး ကိုမှ ချစ်မိလေပြီ(ညဥ့်ငှက်လေး ကိုမှ ချစ်မိလေပြီ)Where stories live. Discover now