Chapter 4

83 15 0
                                    

ထိုအချိန်တွင် အတန်းပိုင်ဆရာ ရောက်လာခဲ့သည်။

"စုံထောက်ကြီးခင်ဗျ၊ ဘယ်လိုဖြစ်ရတာလဲ?"

စုံထောက်ကြီးလည်း ဆရာ့ကို ခုနကသိခဲ့ရတဲ့ အကြောင်းစုံ ပြောပြလိုက်တယ်။

"‌ဗျာ ကျွန်တော်တို့ Wonwoo က ဒီလိုလုပ်မယ့်ကလေးမျိုး မဟုတ်ပါဘူး..."

"ဘာကိုမဟုတ်ရမှာလဲ သူ့သူငယ်ချင်းဆိုတဲ့တစ်ယောက်ရဲ့ မျက်နှာကိုလည်း ကြည့်လိုက်ပါဦး ဆရာရယ်"

ဆရာလည်း ဘာမှမတတ်နိုင်တော့ဘဲ...

"အခု အကြောင်းစုံလည်းသိရပြီဆိုတော့ ကျွန်တော့ကလေးတွေကို ကျွန်တော်ပြန်ခေါ်သွားပါတော့မယ်... ကျေးဇူးတင်ပါတယ် စုံထောက်ကြီးတို့"

"ကဲ အိမ်ကိုပြန်ကြတော့... ဒဏ်ရာတွေကိုလည်း ဆေးသေချာထည့်ကြဦး... မိဘတွေကိုလည်း တခြားဘာမှပြောမထားဘဲ မနက်ဖြန် ကျောင်းကိုခေါ်လာခဲ့ကြနော်... ဆရာကိုယ်တိုင်ပြောမှာမို့လို့"

"ဟုတ်ကဲ့ ဆရာ"

"Wonwoo က ခဏ ဆရာနဲ့စကားပြောရအောင်"

"မင်း အခု အရမ်းနာကြည်းနေတယ်မလား"

"ဗျာ"

"တခြားဘယ်သူမှ မင်းကိုမယုံရင်တောင် ဆရာကတော့ ယုံနေတယ်ဆိုတာ အမြဲစိတ်ထဲသွင်းထားပါ... ဒါပေမယ့် ဆရာလည်း မတတ်နိုင်တော့ဘူး မင်းဘက်က မလုပ်ဘူးဆိုတဲ့ သက်သေက မရှိဘူးဖြစ်နေတယ်"

"ကျွန်တော့ကို ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ် ဆရာ... ဆရာပဲဖြစ်ဖြစ် ယုံကြည်နေပေး‌လို့ တော်သေးတာပေါ့။ ပြီးတော့ ကျွန်တော်အခု အဆင်ပြေပါတယ်... ဒါကြောင့် စိတ်မပူပါနဲ့"

"ဘယ်လိုလုပ် စိတ်မပူလို့ရမလဲ... မနက်ဖြန် ကျောင်းအုပ်ကြီးရုံးခန်းမှာ မိဘတွေနဲ့တွေ့ပြီး ဆွေးနွှေးကြရင် မင်း ကျောင်းထုတ်ခံရတဲ့အထိတောင် ဖြစ်မှာကို ခံရတဲ့သူဘက်ကမကျေအေးရင် လူငယ်ထိန်းသိမ်းရေးကျောင်းကိုပါရောက်သွားနိုင်တယ်"

"ရန်ဖြစ်ခဲ့ပြီဆိုတည်းက အဲ့လိုအခြေအနေအထိ ကျွန်တော်ပြင်ဆင်ခဲ့ပြီးသားပါ... အခြေအနေက နည်းနည်းတော့ မတူညီပေမယ့်ပေါ့..."

Our Own Euphonious Tale Nơi câu chuyện tồn tại. Hãy khám phá bây giờ