Chapter 5

84 17 0
                                    

"အာ မနေ့က Soonyoung တို့အမေဖုန်းဆက်လာတယ် Soonyoungie နေမကောင်းလို့ နှစ်ရက် သုံးရက်လောက် ကျောင်းတက်ဖြစ်မှာမဟုတ်ဘူးတဲ့"

"အော် ဟုတ်လားဗျ ကျေးဇူးတင်ပါတယ်ဆရာ"

"အိုး ခဏလေး Wonwoo ရေ"

"ဟုတ်ကဲ့"

"လာလက်စနဲ့ မင်းကိုပဲအပ်လိုက်တော့မယ် ဒါလေး Soonyoung ဆီယူသွားပေးလို့ရမလား? ကောလိပ်ဝင်ခွင့်အတွက် ကိုယ့်ရဲ့ဝါသနာပါတာ ယူချင်တဲ့မေဂျာကိုရေးပေးရမှာ။ အခုထိ ပထမနှစ်ပဲရှိသေးပေမယ့်လည်း survey ကောက်တာတော့ကောက်ရမှာမို့ အဆင်ပြေမလား? မင်းတို့ကိုလည်း ခဏနေကျောင်းပြန်တက်ရင် အတန်းထဲမှာဝေပေးမှာ"

"အာ ရတော့ရပေမယ့် ဆရာ... ကျွန်တော် Kwon Soonyoung ရဲ့လိပ်စာမသိပါဘူး"

"KakaoMap ကြည့်တတ်တယ်မလား? ဆရာ Location share ပေးလိုက်မယ်"

"အာဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ"

"ငါက ကျေးဇူးတင်ရ‌မှာပေါ့ကွ! ကဲ သွားလို့ရပြီ"

ကျောင်းဆင်းတဲ့အခါ Wonwoo က KakaoMap ကနေ Soonyoung တို့အိမ်ကိုရှာပြီး ထွက်သွား‌ခဲ့တယ်။

"အာ လက်ဗလာနဲ့သွားလို့ကောင်းပါ့မလား ဘာပဲဖြစ်ဖြစ်နေမကောင်းတဲ့သူဆီသွားတာဖြစ်ပြီး အိမ်မှာလူကြီးတွေလည်းရှိလောက်မယ်ထင်တယ်... အင်း သစ်သီးလေးပဲဖြစ်ဖြစ်ဝယ်သွားပေးရအောင်"

Ding Dong~♪

"ဘယ်သူပါလဲ?"

"ကျွန်တော် Soonyoung ရဲ့သူငယ်ချင်းပါ"

"အော်ဟုတ်ပြီ ဝင်လာခဲ့သားလေး"

"မင်္ဂလာပါဗျ Jeon Wonwoo လို့ခေါ်ပါတယ် ဆရာက Soonyoung ကို ဒါလေးလာပေးခိုင်းလို့ပါ။ ပြီးတော့ ဒါဘာမှမဟုတ်ပေမယ့် သစ်သီးခြင်းလေး။"

"အော် ဘာတွေယူလာတာတုန်း အားနာစရာ။ ကျေးဇူးသားရေ ကောင်းကောင်းစားမယ်နော်။ အာ ဟိုအခန်းလေးထဲဝင်သွားလိုက် အဲ့မှာ Soonyoung ရှိတယ် နည်းနည်းတော့သက်သာနေပါပြီ အန်တီခဏနေ ညနေစာစားဖို့လှမ်းခေါ်လိုက်မယ် မစားရသေးဘူးမလား"

"အာ ရပါတယ် အန်တီ"

"ရပါတယ်မလုပ်ပါနဲ့ စားသွားလိုက်ပါ ဒီအထိတောင်လာပေးခဲ့တာကို"

Our Own Euphonious Tale Tempat cerita menjadi hidup. Temukan sekarang