"မင်း!"
"လက်မပါခင် ဒီနေရာက(ခေါင်းကိုထိုးပြ) အရင်စဉ်းစားကြည့်ရမယ်မဟုတ်ဘူးလား... အမြန်သွားဝယ်ပေး"
အားနည်းချက်ကို ချုပ်ကိုင်ခံမိသွားတဲ့ Hyuk တစ်ယောက် ဘယ်လိုမှ မတတ်နိုင်ဘဲ Dongjin ရဲ့ အနိုင်ကျင့်မှုတွေကို ခံခဲ့ရတယ်...
တစ်ပတ်လောက်ကြာပြီး တစ်နေ့ကျ Hyuk က ပုံမှန်နဲ့မတူ မူမမှန်နေတဲ့အပြင် ခန္ဓာကိုယ်ပေါ်မှာလည်း ဒဏ်ရာတွေရှိနေတာကို သတိထားမိသွားတဲ့ Wonwoo...
"Hyuk ရေ... မင်း အခုတလော အိမ်လည်း သိပ်လာမလည်တော့သလိုပဲ... ဘာတွေများ လုပ်နေတာလဲ"
"ငါ့ကို အရမ်းအလုပ်အားနေတယ်လို့ ထင်နေတာလား... ငါ့မှာ လုပ်စရာတွေအများကြီးပဲ... အဆင့် ၁ ဆိုပြီး သူများကို လိုက်အထင်မသေးပါနဲ့"
Hyuk က ရုတ်တရက် သူ့ရဲ့ ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးဖြစ်တဲ့ Wonwoo နဲ့ သူနဲ့ကြား စည်းခြားလိုက်သည်။
Wonwoo တစ်ယောက် ဘာမှစဉ်းစားမရဖြစ်နေပြီး Hyuk အကြောင်း စိတ်ပူနေရုံမှတပါး တခြားဘာမှ ကောင်းကောင်းလုပ်လို့ မရခဲ့ပေ။
အဲ့လိုနဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကြား ဆက်ဆံရေးတွေက တစ်နေ့တစ်ခြား ပိုပိုတင်းမာလာပြီး ဝေးကွာလာခဲ့သည်။
အချိန်တစ်ခုရောက်လာတဲ့အခါ Dongjin က သူ ကြိုတင်စဉ်းစားထားတဲ့ အဓိကအစီအစဉ်ကို လုပ်ဖို့ ပြင်ဆင်ခဲ့လေသည်။
"Wonwoo ya... Container တွေရှိတဲ့နေရာကို သိတယ်မလား အဲ့ကိုလာခဲ့..."
"ဘာ! ဘာလို့လဲ?"
"မင်းရဲ့သူငယ်ချင်း Hyuk ကို ဒီထက်ပိုပြီး မထိခိုက်စေချင်တော့ဘူးဆိုရင် ဘာမေးခွန်းမှ မမေးဘဲ တစ်ယောက်တည်းလာခဲ့"
တီ တီ တီ~
"ဟယ်လို ဟယ်လို!"
Dongjin ဖုန်းခေါ်ပြီးနောက်ပိုင်း Wonwoo တစ်ယောက် တုန့်ဆိုင်းမှုမရှိဘဲ Dongjin ခေါ်တဲ့နေရာကို အပြေးသွားလိုက်သည်။
"Ohh ရောက်လာပြီလား Jeon Wonwoo! သူငယ်ချင်းနဲ့ မျှားခေါ်တော့ ချက်ချင်းကို ရောက်လာတော့တာပဲနော်"
YOU ARE READING
Our Own Euphonious Tale
FanfictionKwon Soonyoung is a friendly and active high school student of Diamond High School. Jeon Wonwoo is also a high student who has positive and helpful mindset of Oliver High School. One day, unimaginable situation had happened to Wonwoo and so he moved...