"Umma.. ! သား ကျောင်းသွားပြီနော်....
Jaejoong က အမေဖြစ်သူကို လှမ်းအော် ပြောလိုက်ရင်း လွယ်အိပ်ကို ယူကာ. အိမ် ထဲမှ ထွက်ခဲ့၏..ဒီနေ့က ကျောင်းစဖွင့်တဲ့ နေ့ဆိုတော့ သူ တက်ကြွနေလေ၏..အတန်းက လည်း တစ်တန်းတောင်ကြီးသွားပြီဆိုတော့..ဒီနှစ်တော့.. ကျောင်းသေချာတက်မယ်လို့တော့ သူ စိတ်ကူးထားတာပဲ..မနှစ်ကလို.. ကျောင်းမပျက်တော့ဘဲ စာလိုက်လုပ်တော့မယ်ပေါ့..
ကျောင်းရောက်လို့ ...သူတက်ရမယ့် အခန်းကို တွေ့လို့ . ၀င်လိုက်ကျောင်းစာမှာဆိုလည်းသူက ဒါဆို ဒီနှစ် သူနဲ့ တစ်ခန်းထဲပဲပေါ့..သူကကျောင်းမှာ.. နာမည်ကြီး ပဲလေ... ကျောင်းစာမှာဆိုလည်းသူက အမြဲပထမ.. , ပြီးတော့ ဘက်စုံလည်း ထူးချွန်..ရုပ်ရည်ကလည်းပြောစရာ မရှိဆိုတော့ ကျောင်းမှာ နာမည်ကြီးတာကမဆန်း...
သူ ထိုင်ဖို့နေရာကို ကြည့်လိုက်တော့.. အဲ.. Yoochun ရဲ့ ဘေးဖြစ်နေတယ်...
" Hi... ငါ က Jaejoong ပါ.....တွေ့ရတာ ၀မ်းသာပါတယ်.
Jaejoong က အရင်စ နှုတ်ဆက်လိုက်တော့...
" Yoochun ပါ.. တွေ့ရတာ ၀မ်းသာပါတယ်..
Yoochun က အလိုက်သင့် နှုတ်ဆက်လိုက်ပြီး. သူဖတ်လက်စ စာအုပ်ကို ဆက်ဖတ်နေသည်။..အဲ့တော့ Jaejoong လည်း ဘာမှ မပြောတော့ပဲ.. သူဘေးမှ ဝင်ထိုင်လိုက်သည်။...
Yoochun က စကားအတော်နည်းလှသည်။..ကျောင်းမှာ သူနဲ့ အပေါင်းအသင်းလည်း နည်းလှသည်။.သူ့ ဘာသာ စာအုပ်တစ်အုပ်နဲ့ပဲ အေးအေးလူလူ နေတတ်သူ..
.
.
.ညနေ မုန့်စားဆင်းချိန်.....
"Yoochun ya.. , လာလေ.. ငါတို့ အတူတူ ထမင်းသွားစားကြရအောင်..."
Jaejoong က ပြောလိုက်တော့...
" ရတယ်.. ငါ့ ဘာသာ သွားစားလိုက်မယ်..."
Yoochun က ပြောပြီး.. သူ့ဘာသာ တစ်ယောက်တည်း ထွက်သွားလိုက်သည်။...