5.Epilogue

1.5K 121 1
                                        

မနက်မိုးလင်းလို့ Yunho နိုးလာတော့မှ သူ ရောက်နေတာ Jaejoong အိမ် ဖြစ်နေမှန်း သတိရသွားသည်။... သူမနေ့ ညတုန်းက..စိတ်ညစ်ညစ်နဲ့. မိုးရေထဲ လျှောက်သွားနေ ရင်းက ဘယ်လိုဖြစ်ပြီး Jaejoong အိမ် ဆီ သူသွားလိုက်မိမှန်း သူ့ကို သူတောင် မသိ.....

>>> "ငါ မင်းရဲ့ ဘေးမှာ နေပေးမယ်....
ဒါပေမယ့်.. အမေ တစ်ယောက်လိုပုံစံနဲ့ တော့ မဖြစ်နိုင်ဘူး....

"ငါ.. မင်းရဲ့ ဘေးမှာ... မင်းရဲ့ ချစ်သူ တစ်ယောက် အနေနဲ့ တော့ရပ်တည်ပေးမယ်.. >>>

ရုတ်တရက် သူ့ ခေါင်းထဲ ပေါ်လာတဲ့ Jaejoong ရဲ့ အသံ....

သူ့ ပြောလိုက်တဲ့ စကားလုံးတွေ ကို မှတ်မိနေပေမယ်.. အိမ်မက်လား တကယ်လား မကွဲပြား...... 

ဒါပေမယ့်.. တကယ်ဖြစ်ပါစေလို့ ... စိတ်ထဲ က ကျိတ်ပြီး ဆုတောင်းနေမိသည်။....

"မင်း... နိုးနေပြီလား....

အသံကြားလို့ လှည့်ကြည့်တော့.. အခန်းထဲ Jaejoong ဝင်လာခြင်းဖြစ်သည်။...

" ညတုန်းက မင်း အရမ်း အဖျားတွေ တက်နေတာ... ဘာလို့ မိုးရေထဲ လျှောက်သွားနေရတာလဲ..
မှန်းစမ်း... အဖျား ရှိသေးလား....

Jaejoong က ပြောပြောဆိုဆိုနဲ့ Yunho နဖူးကို စမ်းကြည့်လိုက်သည်၊...

" တော်သေးတာ ပေါ့ အဖျားကျသွားလို့... "

Jaejoong က သူ့ကို ပြုံးပြီး ပြောသည်။...

သူက တော့ ဘာမှ မပြော.. Jaejoong မျက်နှာ ကို ကြည့်ပြီး အကဲ ခတ်နေသည်။... သူ့ နားထဲ ကြားနေတဲ့ စကားက အိမ်မက်လား.. တကယ်လားဆိုတာကို ပေါ့...

"မနက်စာ လာစားလေ.. ငါ လုပ်ထားတယ်... "

.
.

"Jaejoong..ah.....

နှစ်ယောက်သား မနက်စာ စားနေရင်း .. Yunho က စကား စလိုက်သည်။...

"Hmm.. ဘာလဲ ...

" ဟို... ငါ ည က ဒီကို ရောက်လာပြီး..ဘာတွေ ဖြစ်ခဲ့သေးလဲ....
ငါ မမှတ်မိတော့လို့.. "

" မနေ့က မင်း.. မိုးရေတွေ စိုရွဲပြီး ရောက်လာတယ်လေ..
ဒီရောက်တော့ မင်းက အအေးမိပြီး ဖျားနေတာနဲ့ ဒီမှာပဲ အိပ်ခိုင်းလိုက်တာလေ...  "

Unbalanced HeatWhere stories live. Discover now