သူ ဘယ်လို ပြီးဖြစ် အိပ်ပျော် သွားလည်းတော့ မသိ.....သူ နိုးလာတော့ တစ်ကိုယ်လုံးက နာကျင်ကိုက်ခဲ နေ၏.... ဘေး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့မှ သူ သတိရသွားသည်။......
သူ အခုထိ ဒီ မွမ်းကြပ် ပိတ်လှောင်နေတဲ့. အခန်းထဲမှာ ရှိနေတုန်းဆိုတာ. သူ သိလိုက်သည်။..ဒီ အခန်းကို သူကြောက်သည်။... ဒီထဲမှာ တစ်မိနစ် တစ်စက္ကန့်လေးမှ သူ မနေချင်....
"မင်း နိုးလာပြီလား...."
Jaejoong က သူ့ အမေးကို မဖြေဘဲ....
" မင်း ဘာလို့ ငါ့ကို ဒီလို လုပ်တာလဲ...."
"ဘာဖြစ်ရမှာလဲ မင် ရဲ့ ခန္ဓာကိုယ်.. မင်းရဲ့ မင်း မျက်နှာ က..ဒီလောက် ဆွဲဆောင်နေတော့. ငါလည်း ဘယ်နေနိုင် ပါ့မလဲကွာ...
"မင်း..!!"
Jaejoong က စိတ်ဆိုးဆိုးနဲ့ သူထိုင်နေတဲ့ ခုတင်ဘေးက ခေါင်းအုံးနဲ့ လှမ်းကောက် ပစ်ဖို့ လုပ်တော့..Yunho က သူကို ခုတင်ပေါ် ခပ်ကြမ်းကြမ်း တွန်းလှဲ လိုက်ပြီး..အပေါ်စီးမှ အုပ်မိုးလိုက်သည်။
"ကြည့်ရတာ.. Yoochun က မင်းကို သဘောကျနေပြီ ထင်တယ်...
" ဒါပေမယ့်. ဘယ်လို လုပ်မလဲ.. သူ မင်းကို ပိုင်ဆိုင်ခွင့်ရမှာ မဟုတ်ဘူး.."..
"သူ တန်ဖိုးထားတဲ့ အရာ မှန်သမျှ သူဘယ်တော့မှ ပိုင်ဆိုင်မှာ မဟုတ်ဘူး.."
" ဘာဖြစ်လို့လဲ သိလား...."
" ငါက သူ တန်ဖိုး ထားတဲ့ အရာ မှန်သမျှ ဖျက်ဆီးပစ် နေလို့ပဲ.....
Yunho က စဉ်းလဲ စွာ ပြုံးရင်း ပြောလိုက်သည်။...
"အခု နင်ကျေနပ်သွားပြီ မဟုတ်လား..."
Jaejoong က သူ့မျက်လုံးကို စိုက်ကြည့်ရင်း.. ပြောလိုက်သည်။..Jaejoong ရဲ့ အကြည့်က..သူ့ရင်ကို ဒီလောက် နာကျင်စေမယ်လို့..သူမထင်ထားမိ.......
........................................
နောက်တစ်နေ့ Yoochun ကျောင်းလာတော့ သူဘေးက ထိုင်ခုံလေး လွတ်နေသည်။....အရင်လို.. ဘေးကနေ စကားတတွတ်တွတ် ပြောနေတတ်တဲ့ သူ့ကို မတွေ့ရတော့....