"Yunho ah , ငါမင်းနဲ့ ပြောစရာရှိတယ်.."Yoochun က Yunho အိမ်ထဲ ဝင်လာတာကို မြင်တော့ လှမ်းပြောလိုက်သည်။
"Yunho.... ,မင်း ဟိုနေ့က ငါတို့ကျောင်းကို ရောက်လာသေးတယ် မို့လား....အဲ့ဒါ Jaejoong ကို လာတွေ့တာ မဟုတ်လား...
Yoochun ကပြောနေပေမယ့် Yunho ကတော့ ဘာမှ မပြော
" ဒီမှာ Yunho, ငါ နဲ့ သူ နဲ့ လည်း ဘာမှ မဆိုင်ပါဘူး..
" မင်း ငါ့အပေါ် မကျေနပ်တာ ရှိရင် ငါ့ကို လုပ်ချင်တာလုပ်ပါ.. ..သူ့ကို ထပ်ပြီးတော့ မနှောင့် ယှက်ပါနဲ့ တော့..."Yoochun စကားကိုကြားတော့ Yunho က သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ရင်း....
" မင်းကို....?
ငါ မင်းကို စိတ်တောင် မဝင်စားဘူး....
ငါ့ ဘာသာ သူ့ကို သဘောကျလို့ ကပ်တာ မင်းနဲ့ ဘာမှ မဆိုင်ဘူး..Yunho ကခပ်အေးအေး ပြောပြီး... အခန်းထဲ ဝင်သွားသည်။..
................................................ကျောင်းဆင်းကတည်းက သူ့ နောက်မှ Yunho က
တစ်ကောက်ကောက်လိုက် နေလေတော့သည်။..ကြာလာတော့ သူလည်း စိတ်မရှည်တော့..
"Yah...! မင်း ဘယ်အချိန်ထိ ငါ့နောက်ကို လိုက်နေဦးမှာလဲ.
မင်း.အဲ့လောက်တောင် အားနေလား..." မင်းက လည်း ငါက မင်းအိမ်မှ ထမင်းလိုက်စားချင်လို့ပါ..
" ငါက ဘာလို့ မင်းကိုထမင်းကျွေးရမှာလဲ... ဟိုနေ့က ကျွေးလိုက်တယ်ဆိုတာလည်း..အမေကြောင့် ကျွေးလိုက်ရတာ...အမေရှေ့မှာ ပြသာနာ မဖြစ်ချင်လို့ မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံလိုက်တာ...
"မင်းကလည်းကွာ..မင်းအိမ်မှာ စားရတာ စားလို့ကောင်းလို့ပါ...
"စားချင်ရင်လည်း. မင်းအိမ် မှာ မင်းသွားစားပါလား.."
"ငါ့အိမ်မှာ အဲ့လိုမျိုး.တစ်ခါမှ မစားဖူးလို့ပေါ့"
Yunho က ခပ်တိုးတိုးပဲ ပြောလိုက်သည်။..သူ့အိမ်နဲ့ အကြောင်းနဲ့ပတ်သက်တာကို ပြောလိုက်တော့ မျက်နှာ အနည်းငယ် ညှိုးသွားသည်။..