" ထီ.. မင်းကြားပြီးပြီလား
ဒီနှစ် ကျောင်းကိုဆရာအသစ်ရောက်တယ် "" ဟုတ်လား နောက်ထပ် စည်းကမ်းထိန်းသိမ်းရေးဂိုဏ်းချုပ်တစ်ယောက်ပဲလား "
"မဟုတ်ဘူးကွ ဒီတခါကငယ်ငယ်လေး .. ငါမနေ့က ခုံလာဦးတော့ တွေ့တာ "
" ဟမ် မင်းပြောတော့ မနေ့ကကျောင်းမလာဘူးဆို မင်းသစ္စာဖောက်ကောင် ! "
ထီ ပြောရင်းနဲ့ မင်းခန့်ကိုနားရင်း
တချက်အုပ်လိုက်သည် ။မင်းခန့်က သူ့ခေါင်းသူကိုင်ရင်း
" မလာလို့မရဘူး ကျောင်းမလာရင် အဖေကငါ့ကိုဝပ်ရှော့ပို့လိုက်လိမ့်မယ် "
ထီ မင်းခန့်ကိုမျက်စောင်းတချက်ထိုးလိုက်ရင်း လက်ထဲကဆေးလိပ်ကို လွှတ်ချကာ ဖိနပ်နဲ့
ချေပြီး မီးသတ်လိုက်သည် ။" သွားစို့ ဟိုကောင်တွေရောက်နေလောက်ပြီ "
ထီနာမည်က ထီမထင် ။
မင်းခန့်နာမည်က မင်းခန့်ကျော် ။
ထီတို့အဖွဲ့က ၄ယောက်ရှိတာ ။
နောက်နှစ်ယောက်က
ကျော်မိုးလွင်နဲ့ ဟန်လွင်ပြင် ။ထီတို့က ၅တန်းနှစ်မှာ စပေါင်းမိတာဖြစ်ပြီး အခု၁၀တန်းထိ မခွဲဖြစ်ကြတော့တာဖြစ်သည် ။
ထီတို့ကအခု၁၀တန်းတက်မှာမို့
ပထမဆုံးရက်ကို ကျောင်းမတက်ရန်တိုင်ပင်ထားပေမဲ့ မင်းခန့်က အဖေကတက်ခိုင်းတာမို့ တက်လိုက်ရခြင်းဖြစ်သည်။ကျောင်းရောက်တော့ လွင်၂လွင်က
ကျောင်းပေါက်ဝမှာရပ်ကာ
ကောင်မလေးအချို့နဲ့စကားရပ်ပြောနေတာကိုတွေ့ရသည် ။ကောင်မလေးတွေက ထီ့ကိုမြင်တာနဲ့ ကျော်မိုးလွင်ကို တံတောင်နဲ့ထိုးကာ ပြုံးစိစိလုပ်နေကြတာမို့ ထီက မျက်မှောင်ကြုံ့ပြီးကြည့်နေလိုက်သည် ။
" ထီ ဒီမှာ မင်းဖို့ ချိုချဉ်တဲ့ "
" မလိုချင်ဘူး လွှင့်ပစ်လိုက် "
ထီက ထိုစကားတစ်ခွန်းသာပြောပြီး ကျောင်းထဲဆက်ဝင်သွားတာမို့
ထီစိတ်ဆိုးသွားပြီဖြစ်ကြောင်း
သိလိုက်ကြ၏ ။ထီက အရမ်းကို အပေါက်အစပ်များသည့်လူမျိုးပင် ။
ဆံပင်အရှည်ကြီးနဲ့မိန်းကလေးမကြိုက်ဘူး ဆံပင်တိုလွန်းတဲ့မိန်းကလေးမကြိုက်ဘူး ... ငြိမ်လွန်းတဲ့မိန်းကလေးမကြိုက်ဘူး
သွက်လွန်းတဲ့မိန်းကလေးဆိုလည်း မကြိုက်ပြန်ဘူး .. ကျန်တဲ့သုံးယောက်က ရည်းစားရှုပ်သလောက်
ထီကတော့အခုချိန်ထိ သူ့အကြိုက်နဲ့ကိုက်တာ တစ်ယောက်ပဲတွေ့သေးပြီး ထိုတစ်ယောက်ကလည်း သူ့ကိုပြန်မကြိုက်ခဲ့တာမို့ ရည်းစားမထားဖူးသေးပေ ။
![](https://img.wattpad.com/cover/331416677-288-k158801.jpg)