ဂျုံးဂု အတန်းဆင်းတဲ့အချိန် ကွက်တိ
၅မိနစ်တောင် အစွန်းမခံ ဆရာထယ်ရဲ့ရုံးခန်းထဲ ခပ်သွက်သွက်ထွက်လာခဲ့လိုက်သည်။
တံခါးဝရောက်တော့
"ဆရာ ကျွန်တော့်ကိုခေါ်ထားလို့ "စားပွဲခုံ ပေါ်မှာလက်ထောက်ပြီးနှုတ်ခမ်းဆူနေတဲ့
ဆရာက လန့်သွားဟန်
ကိုယ်အနေအထားချက်ချင်းပြင်လိုက် သေးတယ် ...ရုတ်တရက်ဆရာ့မျက်နှာ ပေါ်မှာ
ဒေါသ ၊ မကျေနပ်မှု
စတဲ့ အမည်ဖော်ပြလို့မတတ်တဲ့ အကြည့်တွေနဲ့အတူ နူးညံ့မှုအပြုံးခပ်ရေးရေးလေး ကပ်ပါလာတယ်။ထိုင်ခုံကနေ တည်တည်ငြိမ်ငြိမ်ထရပ်ပြီး
ကျွန်တော့်ဆီလျှောက်လှမ်းလာသည်။
"မင်းကိုငါ Guide မပြပေးနိုင်တော့ ဘူး
ဂျုံးဂု"ဂျုံးဂုစုပ်သတ်လိုက်တာ ထယ်ယောင်းကို အံ့သြမှင်သက်စေတယ် ဆရာတစ်ယောက်ရဲ့ အရှေ့မှာလေ။
မည်းနက်နေတဲ့ မျက်ခုံးတန်းနှစ်ဖက်က တွန့်ချိုးသွားတာ ပြေပြစ်ညီညာတဲ့ နဖူးပြင်ထက် အလိုမကျမှုအပြည့်ပေါ်လွင်နေသည် ။"နေ့ခင်းက စာ ကိစ္စကြောင့်လားဆရာ "
ဆရာကပြန်မဖြေ မျက်နှာလွှဲသွားတယ်
"ကျွန်တော့်ကို ရုံးခန်းမှာတိုင်ထားလောက်ပြီထင်နေတာ နောက်ဆုံးအတန်းချိန်ထိ
အတန်းပိုင်ဆရာမ လာမဆူတော့
မတိုင်ရသေးဘူးပေါ့လေ။
အဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးစရာမရှိဘူးလားဆရာ"တည်ငြိမ်တဲ့အသံနဲ့ စကားပြောနိုင်သေးတဲ့သူ...
သကောင့်သား ကြောင့်စိတ်တိုမိသည်။ တကယ်ဆို ဂျုံးဂုအနေနဲ့ရှင်းပြ ရမယ်မဟုတ်လား။
ပြီးတော့ သူကလည်း
စောလဲ့နဲ့ကိစ္စဟုတ်မဟုတ် အတွေးထဲကဖယ်မရ။ ဘာလို့ တနေ့ခင်းလုံးသိချင်နေမှန်းမသိ
လက်မထိပ်ဆိုပဲ့နေပြီ ။
ဂျုံးဂုအတန်းဆင်းတဲ့အချိန် မေးမလို့ စောင့်ရင်း ကိုက်ထားမိတာ။ အခုမျက်နှာမြင်ပြန်တော့လည်း မမေးရဲပြန်တော့...ဟိုဘက်ကို မျက်နှာလွှဲနေပြီး သူမေးနေတာပြန်မဖြေတဲ့ဆရာ...
မဟုတ်မှ စိတ်ဆိုးနေတာလား
ဂျုံးဂု စိတ်မရှည်တော့တာနဲ့
ဆရာ့ရဲ့ပုခုံးနှစ်ဖက်ကို လှမ်းကိုင်လိုက်မိတယ်