'အရာအားလုံးဟာအရင်နဲ့မတူတော့ဘူးလို့ကျွန်တော်ခံစားရတယ် ကျွန်တော့အကြိုက်ဆုံးအနီရောင်ဟာလဲ ကျွန်တော့အမုန်းဆုံးအရောင်ဖြစ်သွားတယ် ဒါတွေဟာအဲ့ဒီ့နေ့ကို ကျွန်တော်မှတ်မိသေးတယ် အဲ့ဒီ့နေ့က၉ရက်၇လ၂၀၁၇ကျွန်တော်အမုန်းဆုံးနဲ့ကျွန်တော့ဘဝကြီးပြောင်းလဲသွားတဲ့နေ့'
.....
"ဒီလိုညဖက်တွေမာ လည်ရတာပျော်ဖို့ကောင်းလိုက်တာ"
ပုံမှန်အရှိန်ဖြင့်သာ သွားနေသည့် ကားအမဲရောင်လေးအတွင်းမှ ထွက်ပေါ်လာသော ကောင်လေးတစ်ယောက်၏အသံ...။
"မာန် မင်းကလေ ငါတို့သုံးယောက်ထဲမာ အကြီးဆုံးသာပြောတာ ကလေးကြနေတာဘဲ"
Lover seatနေရာတွင်ထိုင်နေသည့် ကောင်လေးမှ အနောက်ခန်းမာ ပျော်ရွှင်စွာ ထိုင်နေသောကောင်လေးအား ပြောလိုက်ခြင်း......။
" Ryan ဟိုရှေ့မာ Store ဆိုင် ဘီယာဆင်းဝယ်ရအောင်"
Driving placeနေရာ၌ ကားမောင်းနေသည့်ကောင်လေးမှ.....
"အေ ကောင်းတယ် "
သူတို့စကားပြောနေရင်း ထိုStoreဆိုင်ရှေ့၌ သူတို့စီးလာသည့် ကားလေးကိုရပ်လိုက်သည်။သွေးသစ္စာနောင်နှင့် Ryanတို့က ကားပေါ်က ဆင်းသော်လဲ မာန်ကတော့ကားပေါ်ကမဆင်း....။
"မာန် ဆင်းလာလေဘာထိုင်လုပ်နေတာလဲ"
"တော်ပါပီကွာ ငါမဆင်းတော့ဘူး"
"အဲ့ဒါဆိုလဲ ငါတို့မုန့်သွားဝယ်လိုက်အုံးမယ် "
"သောက်ပိုတွေလုပ်မနေနဲ့Ryan ဘီယာသွားဝယ်မာကို ဘီယာသွားဝယ်မယ်လို့ပြော "
"ဟိ့"
ပျော်ရွှင်စွာဖြင့် Storeဆိုင်အတွင်းသို့ဝင်သွားသောကောင်လေးနှစ်ယောက်ကိုကြည့်ပီး ဇွဲမာန်တိမ်တစ်ယောက် ပြုံးလို့နေသည်။Ryanတို့နှစ်ယောက်လဲ ဘီယာတွေဝယ်ပီးStoryဆိုင်အပြင်သို့ ဝင်သွားသည့်အတိုင်း ပြုံးရွှင်ပီးပြန်ထွက်လာသည်။
ဘယ်သူကသိမာလဲ ဒီလိုမျိုးဖြစ်တော့မယ်ဆိုတာ...
Ryanကသူ့လက်ထဲကကိုင်ထားတဲ့ နို့ဒိန်ချဉ်ဘူးလေးကို မြှောက်ပြလိုက်တော့ ဇွဲမာန်တိမ်ရဲ့မျက်လုံးဟာ ချက်ချင်းပင် ဘလင်းဘလင်းဖြစ်သွားသည်။နို့ဒိန်ချဉ်ဆိုတာ ဇွဲမာန်တိမ်ရဲ့Favလေ။