Dear August 1

9.3K 640 18
                                    

Unicode

*January လတုန်းက ယုံကြည်ရာအတွက် တစ်ထောင်ကျပ်နဲ့ရောင်းခဲ့တဲ့ fic ပါ။ အားလုံးဖတ်လို့ရအောင် wp မှာ ပြန်တင်လိုက်ပါတယ်ရှင်။ စာလုံးရေအရမ်းများနေလို့ ၅ ပိုင်းခွဲတင်ပါမယ်ရှင့်။ ပါဝင်ခဲ့ကြသူအားလုံးကို လေးငယ်က ကျေးဇူးအများကြီးတင်ပါတယ်ရှင်။*

xxxxxxxxxxxx

Dear August 1

ပေကျင်းမြို့ Xiao Group ရုံးချုပ်။

ညနေ နာရီမှာ ဝန်ထမ်းအားလုံး ရုံးဆင်းသွားကြပေမယ့် ရှောင်းဥက္ကဌကတော့ အခုထိ ရုံးခန်းထဲမှာ လုပ်ငန်းအစီအရင်ခံစာတွေကို စစ်ဆေးကြည့်နေဆဲဖြစ်သည်။

"Sean ... နာရီမှာ ဟုန်သူဌေးရဲ့ party ရှိတယ်နော်"

သူ့အတွင်းရေးမှူးဖြစ်တဲ့ နီဗာရဲ့ သတိပေးစကားကြောင့် ရှောင်းကျန့်က လက်မှ Zenith နာရီကို ကြည့်လိုက်သည်။ နာရီထိုးလုလုကို ညွှန်ပြနေတဲ့ နာရီလက်တံကိုကြည့်ပြီး ဖတ်လက်စတွေကို ဆက်ဖတ်နေလေသည်။

" နာရီခွဲမှာထွက်မယ်လို့ အန်းမင်ကို ပြောထားပါ"

"ကောင်းပါပြီ"

နီဗာက အမေရိကန်ဖွား ဂျူးမလေးဖြစ်ပြီး အမေရိကမှာ ကျောင်းတက်ရင်း အထက်တန်းနှစ်မှာ ရှောင်းကျန့်နဲ့ခင်မင်ခဲ့တာဖြစ်သည်။ သူငယ်ချင်းဖြစ်တဲ့သူ့ကို အလုပ်ရှင်ဖြစ်နေပေမယ့် Sean လို့သာ ခေါ်တတ်သည်။ သူ့ရဲ့ schedule တွေကို ဘာတစ်ခုမှပြန်ကြည့်စရာမလိုဘဲ အမှားအယွင်းမရှိ စီမံခန့်ခွဲနိုင်သူဖြစ်သည်။

ဒီခေတ်မှာ ငယ်ရွယ်ပြီး ချောမောလှပတဲ့လုံမပျို၊ လုလင်ပျိုတွေကိုသာ အတွင်းရေးမှူးအဖြစ် ခန့်ထားကြတဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေကြားမှာ ပါဝါမျက်မှန်အထူကြီးနဲ့ သပ်သပ်ယပ်ယပ်ပြင်ဆင်ရုံ ကလွဲပြီး အလှအပပြင်လေ့မရှိသည့် အသက် ၃၉ နှစ်အရွယ် နီဗာကို အတွင်းရေးမှူးအဖြစ် ခန့်ထားသော ရှောင်းဥက္ကဌက ခြွင်းချက်ဖြစ်နေသည်။ နီဗာက သူငယ်ချင်းဆိုပေမယ့် သူ့ထက် နှစ်လောက်ကြီးသည်။

Dear AugustWhere stories live. Discover now