Dear August 3

5.4K 557 20
                                    

Unicode

ရိပေါ်က နောက်ဆုံး show လျှောက်ထားတဲ့ဝတ်စုံကို အမြန်ပြန်ချွတ်လဲပြီးတာနဲ့ ဒင်နီယယ်၊ ဆမ် တို့နဲ့အတူ ground parking ကို အရင်သွားနှင့်လိုက်သည်။ အယ်ရီ၊ ရိုဆယ်လာနဲ့ ဂျွန်တို့က အဇ္ဇလာနဲ့ စကားအနည်းငယ်ပြောရင်း နောက်ကလိုက်လာကြမည်။

ရိပေါ်တို့ သူငယ်ချင်း ၆ ယောက်သည် အထက်တန်းအောင်ထားပြီး ရှန်ဟိုင်းတက္ကသိုလ်မှာ တက်ရောက်ဖို့ apply လုပ်ထားကြရာ တက္ကသိုလ်တက်ဖို့ စောင့်နေကြသူများ ဖြစ်ကြသည်။

ရိပေါ်ကတော့ သူဝါသနာပါသည့် အကပညာရပ်ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူချင် တာကြောင့် အနုပညာတက္ကသိုလ်ကနေ Dance Major ယူမည်ဟု ဆုံးဖြတ်ထားပြီးသားဖြစ်သည်။

အယ်ရီနဲ့ ရိုဆယ်လာတို့က ဖက်ရှင်ကို ဦးစားပေးလျှောက်ထားကြသည်။ ဂျွန်နဲ့ ဆမ် တို့ ကတော့ Social Science ဘာသာရပ်ကို တက်ရောက်ကြမည်။ ဒင်နီယယ်က အားကစားသိပ္ပံကျောင်းတက်မည်လို့ ပြောသည်။

ရိပေါ်ရဲ့သူငယ်ချင်းတွေသည် သိပ်ကို ချစ်စရာကောင်းကြပါသည်။ သူတို့ ၆ ယောက်သည် အလယ်တန်းနှစ်မှာ စတင်ခင်မင်ခဲ့ကြပြီး ဘယ်သွားသွား၊ ဘာလုပ်လုပ် အမြဲအတူတူဖြစ်ခဲ့ကြသည်။

တကယ်ဆို ရှန်ဟိုင်းအနုပညာကျောင်းမှာ တက်ချင်တာက ရိပေါ်ဖြစ်သည်။ ဒီတော့ ကျန်တဲ့သူငယ်ချင်းတွေကလည်း ရိပေါ်နဲ့အတူတူဖြစ်ရဖို့ ရှန်ဟိုင်းတက္ကသိုလ်ကို လျှောက်ခဲ့ကြလေသည်။ ဒင်နီယယ်ဆိုရင် ပေကျင်းအားကစားသိပ္ပံက ပိုနာမည်ကြီးပေမယ့်လည်း သူငယ်ချင်းတွေနဲ့ အတူတူဖြစ်အောင် ရှန်ဟိုင်းအားကစားသိပ္ပံကိုသာ လျှောက်ခဲ့တာဖြစ်သည်။

အကကို စွဲလမ်းခုံမင်သလို ပါရမီလည်းပါတဲ့ရိပေါ်ကို သူငယ်ချင်းတွေက အနားမှ မခွါဘဲ အားပေးကူညီခဲ့ကြသည်။ သူတို့ လူငယ်တွေချင်းသာ နားလည်မှုရှိစွာ အချင်းချင်း ဖေးမကြတာဖြစ်သည်။ လူကြီးမိဘတွေကတော့ ဘယ်သူ့ဘယ်သူရဲ့မိဘတွေကမှ သူတို့ဝါသနာကို အားမပေးကြပါ။

သူတို့အဖွဲ့ထဲမှာ အမေသာရှိသော အယ်ရီတစ်ယောက်သာ ကံကောင်းသည်ပြောရမည်။ အယ်ရီ့မိခင်က အယ်ရီ့ကို ဘာတစ်ခုမှ ဖိအားပေးသည်မဟုတ်။ ကိုယ်တကယ်စိတ်ဝင်စားတာကိုသာ လုပ်။ ရွေးချယ်လိုက်သည့်အရာကိုတော့ကောင်းကောင်းမွန်မွန်လုပ်ရမည်လို့သာ ပြောသည်။

Dear AugustWhere stories live. Discover now