Dear August 2

5.8K 544 31
                                    

Unicode

"မင်း နှုတ်ခမ်းမှာ ပေ နေ တယ်"

ဟင်...

ထိုလူ့အသံက ချိုသည်လည်းမဟုတ်၊ မာသည်လည်းမဟုတ်၊ ပီသပြတ်သားသည့်အသံမျိုးဖြစ်သည်။ ကောင်လေးက သူ့နှုတ်ခမ်းသူ လက်ခုံနဲ့ ပွတ်သုတ်ပစ်နေသည်။

"မဟုတ်သေးဘူး။ ကိုယ် ကူညီပေးရမလား"

စကားသံနဲ့အတူ အနားကို ချဉ်းကပ်လာတာကြောင့် ကောင်လေးက နောက်ဆုတ်ရှောင်လိုက်မိသည်။ ဒါပေမယ့် သူ့ထက် လျင်မြန်သွက်လက်သည့် ထိုလူက သူ့မေးဖျားကို အသာဆွဲမော့လို့ သူ့နှုတ်ခမ်းတွေကို လက်မနဲ့ ပွတ်သပ်နေလေသည်။

မျက်ရစ်မပါတဲ့ ပြူးစက်စက်မျက်လုံးလေးတွေက ရှောင်းကျန့်ကို မယုံနိုင်သလို တအံ့တဩ ကြည့်နေသည်။ ပါးစပ်ထဲက မကုန်သေးသည့် အသီးတွေကြောင့် ပါးလေးတစ်ဖက်က ဖောင်းလုံးနေသည်။

ရှောင်းကျန့်က နှုတ်ခမ်းတွေကို ထိပွတ်နေတော့ ကောင်လေးက အထိတ်တလန့်ဖြင့် ပါးစပ်ထဲငုံထားတာတွေကို အလောတကြီး မျိုချပစ်လိုက်လေသည်။

"ဘာ လုပ် တာ လဲ"

စ တွေ့ကတည်းက စကားမပြောခဲ့သည့် ကောင်လေးဆီက ပထမဆုံးအကြိမ် အသံထွက်လာသည်။ ဩရှရှအသံလေးက လူပျိုဖော်ဝင်ခါစမို့ အသံလုံးကြီးသလိုရှိပေမယ့် ကလေးပေါက်စအသံလေးတော့ ပျောက်မသွားသေးပေ။

ရှောင်းကျန့်က လက်နှစ်ဖက်လုံးနဲ့ ကောင်လေးရဲ့မျက်နှာကို အုပ်ကိုင်ပစ်လိုက်ပြီး

"မင်း ... သိပ် လှ တယ် August"

အို... ဒါ ဘာထူးဆန်းတဲ့စကားမို့လဲ။ ဒီစကားကို လူတိုင်းဆီက သူကြားဖူးသည်။ ဒါပေမယ့် ဒီလူက ဘာသဘောလဲ။ ပိုင်စိုးပိုင်နင်းနဲ့ သူ့ကို ထိကိုင်နေလိုက်တာ။ လက်တွေကို အတင်းဆွဲဖယ်ပစ်ပြီး ခြေထောက်နဲ့ပါ ကန်ပစ်လိုက်သည်။ သို့သော်...

ရှောင်းကျန့်က ကောင်လေးရဲ့ခါးလေးကို ဆတ်ခနဲ သိမ်းကျုံးဆွဲပွေ့လိုက်ပြီး လူသူကွယ်ရာ နံရံထောင့်မှာ ဆွဲကပ်ပစ်လိုက်သည်။

"ခင်ဗျားဘာလုပ်တာလဲ။ တစ်ညတာအဖော်ရှာနေတာဆို ကျွန်တော်က အဲ့လိုလူမဟုတ်ပါဘူး"

Dear AugustWhere stories live. Discover now