အပိုင်း(၃)
နောက်ထပ် ခြေတစ်လှမ်းခန့်နောက်ဆုတ်ပြီးနောက် သူဟာရင်ဘတ်ရှေ့တွင် လက်ကာလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများကမူ ခက်ထန်လွန်းသော အမူအရာကို ပြလျက် ကော့တက်သွားလေသည်။
အနားရှိ ရဲ၏ မျက်နှာသည်နီရဲသွားပြီးသူ၏ရင်ဘတ်ကပင် နိမ့်ချည်မြင့်ချည် ဖြစ်လာကာ အသက်ရှူသံများကိုပင် ကျယ်လောင်စွာ လွှင့်ထုတ်လျက် အသက်ရှူထုတ်သည်။
ခြေထောက်ဘေးတွင်ချထားသော ဆာဂျင်၏ လက်ဟာ တင်းကျပ်စွာ ဆုပ်သွားပြီး အသားများပေါ်တွင် သွေးကြောများက ဖောင်းတက်လာကြောင်း ထင်ရှားစွာမြင်လိုက်ရသည်။
လန်ယွီဟာ စိတ်ထဲတွင် မျက်လုံးကိုလှန်လိုက်သည်။
ပေါက်ထွက်လိုက် ပေါက်ထွက်လိုက် ငါ့ကို ပြင်းပြင်းထန်ထန်ဆူပူပြီး မောင်းထုတ် လိုက်စမ်းပါ။ငါ ဘယ်သူ့ကိုမှမရိုက်ဘူးလို့ အာမခံတယ်။
"တကယ်ကို အမှိုက်ပါပဲ..."
ဆာဂျင်ဟာ ခါးသီးစွာရယ်သည်။
တကယ်ကို ထွက်လမ်းမရှိတော့ဘူး
လန်ယွီဟာ သူ့ကိုတစ်ချက်ကြည့်ပြီးနောက်တွင် မောလ်ရှိရာထံသို့ ဆက်လျှောက်သွားရသည်။ထိုအချိန်တွင် ဆာဂျင်၏ အတွန်းကို ခံလိုက်ရသောရဲသားက လန်ယွီ၏ ကျောကို တစ်ဖန်ကြည့်လိုက်ချိန်တွင် လျှင်မြန်စွာဖြင့်အနောက်မှ ကပ်လိုက်လာသည်။
"ဓာတ်လှေကားရှိလား"
"ဓာတ်လှေကားထဲမှာ ဗုံးရှိလို့ ဖွင့်ဖို့ မဖြစ်နိုင်ပါဘူး"
ရဲသား၏ အသံက အတန်ငယ်တောင့်တင်းနေသေးသည်။
"အရေးပေါ်ထွက်ပေါက်ရောရှိလား"
"အရေးပေါ်ထွက်ပေါက်ကို သူက တစ်ခုခုကို အသုံးပြုပြီးပိတ်ထားပုံပဲ။ကျွန်တော်တို့က အားသုံးပြီးလဲ မဖွင့်ရဲဘူး။တစ်စုံတစ်ရာ မှားယွင်းသွားရင် ဗုံးကို အသက်ဝင်အောင် လုပ်မိမှာကိုစိုးရိမ်လို့ပါ"
"အရေးပေါ်ထွက်ပြေးနိုင်မယ့်အပေါက်ရော"
"သူက ဗုံးနဲ့တွဲချည်ထားတဲ့ ဓားစာခံအချို့ကိုသုံးပြီး အဲ့ဒီ့ဝင်ပေါက်ကိုပိတ်ထားပါတယ်။သူကိုယ်တိုင်ကတော့ ပုန်းကွယ်နေပြီး သူကရီမုကို သုံးပြီးထိန်းချုပ်နေတာပါ။ဒါကြောင့် ကျွန်တော်တို့ ကလဲ အဲ့ဘက်ကနေ အင်အားသုံးပြီး မဝင်ရဲခဲ့ပါဘူး"