အပိုင်း(၅)
လန်ယွီက သူ၏ အရှေ့ရှိလူ၏ကျောပြင်ကို အနီးကပ် စိုက်ကြည့်နေသည်။တစ်ဖက်က အာလ်ဖာက အိတ်ကြီးကို လွယ်ထားသော်လဲ အလွန်ပေါ့ပါးနေဟန်ရနေသည်။သူက ဘောင်တစ်လျှောက် ဆက်သွားပြီး ခုနှစ်မီတာ ရှစ်မီတာခန့်ဝေးသည့် အခြားသော အဆောက်အဦး၏ ခေါင်မိုးပေါ်သို့ဆက်တိုက်ခုန်လိုက်ကာ ခေါင်မိုးတစ်လျှောက်ဆက်ပြေးတော့သည်။
သူ၏မီးခိုးရောင် ရှပ်ကလေတွင်လွင့်နေပြီးကျားသစ်တစ်ကောင်လို သွက်လကမ ကျွမ်းကျင်မှုကို ဖော်ပြနေသည်။
လန်ယွီကလဲ အရှိန်မြှင့်လိုက်ပြီးနောက် ဘေးကပ်ရပ်အဆောက်အဦး၏ခေါင်မိုးပေါ်သို့ ခုန်ကာလိုက်မှီရန် ကြိုးစားသည်။
ကာတာဂြိုလ်ပေါ်ရှိ အဆောက်အဦးအများစုက မုန်တိုင်းကြောင့်အလွန်အမင်း မြင့်မားနေခြင်းမရှိဘဲ တစ်ထပ်နှင့်တစ်ထပ် ငါးထပ်ခြောက်ထပ်ခန့်သာလျှင် မြင့်သည်။အဆောက်အဦးတွင် နေထိုင်သူများအာလုံးက ခေါင်မိုးတွင် အဝတ်များ အခြောက်ခံခြင်းကိုနှစ်သက်ကြသည်။သို့မဟုတ် သူတို့၏ လှီးထားသော သစ်သီးများကို ဖြန့်ကာ အခြောက်ခံခြင်း သို့မဟုတ် အနက်ရောင်သစ်သီးကိတ်ဟု ခေါ်သော ပြည်တွင်းစားစရာတစ်မျိုးကို လုပ်ရန် အခြောက်ခံခြင်းတို့ကို နှစ်သက်ကြလေသည်။
နှစ်ယောက်လုံးက ရိုင်းစိုင်းကြမ်းတမ်းစွာ ခပ်ကြမ်းကြမ်းပြေးလွှားနေလေရာ အမျိုးမျိုးသော ထိုအခင်းများ အားလုံးက လွင့်ထွက်ကုန်သည်။အချို့သော အသီးခြောက်များကိုလဲ သူတို့က နင်းမိကြသည်။ထိုသို့ဖြင့် တစ်မိနစ်ခန့်တည်းဖြင့်ပင် အဆောက်အဦးရခုနှစ်ခု ရှစ်ခုလောက်ကို ခုန်ပျံကျော်လွှားလိုက်ပြီး သူတို့၏အောက်ခြေတွငင်ရှိနေသော အပြိုင်ရပ်ထားသည့် ကားများအားလုံးကို နောက်တွင် ချန်ထားရစ်ခဲ့လိုက်သည်။
ခေါင်မိုးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ သူတို့လှန်းထားသော သစ်သီးခြောက်များကို ကောက်ယူနေသည့် သူများလဲရှိသည်။ထိုလူများက သူတို့၏ရှေ့တွင် ဖြန်ကနဲဆိုသလို အနက်ရောင် အရိပ်နှစ်ခုကဖြတ်သန်းသွားခြင်းကိုသာ မြင်လိုက်ရပြီး သူတို့လှန်းထားသော အနှီးများ၊အဝတ်များက လွင့်သွားခြင်း သို့မဟုတ် အိပ်ယာခင်းများ၊စောင်များက ဝင်စောင့်တိုးခံလိုက်ရသလို မြေပြင်ပေါ်သို့ ပြုတ်ကျလာခြင်း တို့ကိုသာ ကြုံတွေ့လိုက်ရသည်။