အပိုင်း(၆)
အရှက်မဲ့မှု
သူ၏ခြေထောက်က မြေပြင်ကိုထိသောအခါ စိတ်လှုပ်ရှားအော်ဟစ်နေသော လူအုပ်ကပိုလို့ပင် တက်ကြွလာတော့သည်။သို့သော် သူ၏ ပတ်ပတ်လည် တွင် ရဲအရာရှိများက လက်ချင်းဆက်သွယ် ဝနုင်းပတ်လျက် ကာဆီးထားပေးရသည်။ကာနယ်လု၏ ခန့်ညားချောမောသော မျက်နှာက ဘယ်ညာရမ်းပြနေရင်း ရင်းနှီးကျွမ်းဝင်သော အပြုံးကိုထုတ်ပြနေသည်။
အချို့သော သတင်းထောက်များက လွတ်နေသော အဟကြားမှ သူတို့၏ ခန္ဓာကိုယအပေါ်ပိုင်းကို အတင်းတိုးဝင်လာပြီး ရှည်းလျားသော မိုက်ခရိုဖုန်းကို ကာနယ်လုနှင့် လန်ယွီတို့အကြားသို့ တွန်းပို့ပေးလာသည်။
"ကာနယ်လု ကာနယ်လု ဗူုံကို ကျောပေါ်တင် ပြေးလွှားနေတဲ့အချိန်မှာ ဖြစ်လာနိုင်တဲ့အကျိုးဆက်ကို တွေးမိသလား လို့မေးပါရစေ"
"နှလုံးသားထဲမှာ ကြောက်ရွံ့မှုများရှိနေပါသလား။ဒီလို အသက်ကယ်ဆယ်တဲ့ လှုပ်ရှားမှုမျိုးကို လုပ်ဖို့ ဘယ်လိုအရာကများ တွန်းအားပေးတာပါလဲ"
"ကာနယ်ကေက အလယ်မှာ ဗုံးကိုလွှတ်ချဖို့ စိတ်ကူးများရှိပါသလား"
လန်ယွီက မကြည့်ဘဲ ရှေ့သို့ဆက်သွားပြီး မေးကိုမာနကြီးစွာဖြင့် မော့ထားသည်။သူက အရှေ့သို့ရောက်လာသော ထိုမိုက်ခရိုဖုန်းကို လက်ညိုးဖြင်ဩာဖယ်လိုက်သည်။သူက အိတ်ကပ်ထဲမှ လက်ကိုင်ပဝါအသစ်ကိုထုတ်လိုက်ကာ ထိုလက်ညိုးကို သုတ်လိုက်ပြီးနောက် ထိလက်ကိုင်ပဝါကို လွှင့်ပစ်လိုက်သည်။
ပတ်ဝန်းကျင်ရှိလူအုပ်က ချက်ချင်းဆိုသလို တိတ်ဆိတ်သွားပြီး ရုတ်တရက် ရှေ့လမ်းကပြောင်ရှင်းသွားကာ ကွဲသွားသည်။သို့သော် နောက်တွင် ကျန်ရစ်ခဲ့သူတိုင်းကက သူ့ကို လေးစားမှုအပြည့် ကြောက်ရွံ့မှုအပြည့် ဖြင့်သာ ကြည့်တော့လေသည်။
ကာနယ်လုက သူ၏ လက်မောင်းထဲတွင် မိုက်ခရိုဖုန်းများစွာအထိုးခံလိုက်ရသည်။သူက လည်ချောင်းကိုရှင်းပြီး လေးလံသောအသံဖြင့်ပြောသည်။
"စစ်သားတစ်ယောက်အနေနဲ့ ငါ့ရဲ့အသက်ကိုစတေးထားရတဲ့ မစ်ရှင်တွေ အများကြီးလုပ်ခဲ့င်္ပြးသားပဲ။ဒီလိုလုပ်ရတဲ့အတွက် ဖြစ်လာမယ့်အကျိုးဆက်ကိုတွေးဖို့အချိန်မရှိတာလဲပါတယ်။အဲ့ဒီ့နောက်မှာလဲ ငါကာကွယ်တာခံဖို့ လူပေါင်းများစွာလဲ ရှိနေသေးတယ်ဆိုတာကို တွေးမိတာကြောင့်လဲဖြစ်နိုင်တယ်"