အပိုင်း(၄)
လူငယ်အာဖာလ်က လန်ယွီ၏ အနားမှကျော်တက်သွားပြီး အလောင်း၏ အနားတွင်ရပ်သည်။ဖြစ်စဉ်တစ်လျှောက်လုံးတစ်ဖက်လူက သူ့အားကြည့်မလာချေ။ကျော်ကြားသောသရုပ်ဆောင်စွမ်းရည်နှင့် ကာရိုက်တာပေါ်သို့ သုံးသပ်နိုင်စွမ်းအရဆိုရင် ထိုလူဟာ သူ့ကိုသိကြောင်းသေချာသွားသည်။
ဘယ်လိုလူကများ ဓားစာခံတွေကို စစ်ဆေးပြီး အရာရှိကို လျစ်လျှူရှုထားမှာတဲ့လဲ။အထူးသဖြင့် ငါ့ရဲ့ ယူနီဖောင်းနဲ့ဆို ငါက သေချာပေါက်ထင်းထွက်နေမှာပဲလေ။
ထိုလူဟာ အင်္လွန်ချောသည်။အလှဆီပါသော မျက်နှာပေါင်းတင် မာ့စ် ကပ်ပြီးနောက်တွင် သူ၏ မျက်နှာဟာ ကျောက်စိမ်းဖြူကဲ့သို့ ချောမွေ့နေလောက်သည်။
သူတို့က.(time-1:20s)ကေ နှင့် သူက တစ်ပုံစံတည်းဖြစ်ပြီး လူတိုင်းရူးသွပ်သွားလောက်သော ရုပ်ရှင်စတား ရုပ်ရည်မျိုးကို ကိုင်ဆိုက်ထားသည်။သူ၏ ခက်ထန်ပြီး ပေါက်ကွဲလွယ်သည့်စရိုက်က သူ၏ ရုပ်ရညါကို လျစ်လျှူရှူသည့်တိုင်အောင် အများစု အနေနှင့် သူ့ကိုကြည့်ပြီးသည့်နောက်တွင် အကြည့်မလွှဲချင်လောက်တော့ချေ။
အနှစ်ချုပ်ဆိုသော် ထိုလူနှင့်ကေဟာ အချင်းချင်းသိထားလောက်သည်။သူတို့၏ အသေးစိတ် ဆက်ဆံရေးကိုမူ သူက မသိချေ။ကေ၏ ပုံမှန် ဆက်ဆံတက်သော အဆင့်အရ သူတို့ဟာ ရန်သူမဟုတ်လောပ်ဘဲ ပြိုင်ဘက် ဖြစ်နေနိုင်သည်။မည်သူကမှအသံတစ်စ မပြုကြပဲ ထိုလူငယ်၏ လှုပ်ရှားမှုကိုသာ လိူက်ကြည့်နေသည်။
သူဟာ ဒူးထောက်ချပြီးနောက်တွင် လက်တစ်ဖက်က အလောင်း၏ပေါ်နေသော အရေပြားကိုတို့ထိကြည့်သည်။အရေပြားအေညက်တွင် မည်သည့်အသားနှင့် အသွေးမျှမရှိတော့ပေ။သို့သော် အလွန်မာကြောနေသည်။သူဟာ အစိမ်းရောင် အရေပြားကိုွေဲဖြဲလိုက်သည်။အစိမ်းရောင်အရေပြားကဘရှည်ထွက်ကာ ပါးလျနေသည့်တိုင်အောင် တစ်ဖက်ခြမ်းမှအလင်းတန်းက ဖောက်ဝင်လာသဖြင့် စိုရွဲနေသော ချွဲပျစ်ပျစ် တစ်စုံတစ်ရာကို ဖုံးလွှမ်းထားကြောင်းမြင်နိုငိသေးလေသည်။