အခန်း-(၇)

958 85 5
                                    

Unicode

မျှော်လင့်စောင့်စားခြင်းဆိုသည်မှာ..
မိမိကမွေးမြူလိုက်သည့် မိမိစိတ်ကို ပြန်ညှဉ်း
သတ်နိုင်မည့် စိတ္တဇနာမ် လက်နက်တစ်စုံသာ
ဖြစ်ကြောင်း ဆရာ့ကိုချစ်မိခဲ့ရာ၌ ကျွန်တော်သိရှိ
ခဲ့ရသည်။

******

သက်ဝေသည် သူ့အိမ်မှထွက်လာခဲ့သောညမှ
စကာ ယခုနောက်ပိုင်းများ၌ သက်ဝေ​၏ပုံစံမှာ
အမြဲငူငူငိုင်ငိုင်နှင့်သာတွေ့ရတတ်တော့သည်။
မျက်နှာနွမ်းနွမ်းနှင့် သက်ဝေဟုဆိုရာတွင်
မပျော်ရွှင်ခြင်းနှင့်ဝမ်းနည်းစိတ်များကလည်း
ဒွန်တွဲကာပင် ငြိတွယ်၍ပါဝင်လာနေခဲ့သည်ကို
ပြေငြိမ်းဆွေ သတိမူမိနေ​၏။

သက်ဝေ..သက်ဝေက စိတ်ဆတ်၊စိတ်တိုလွယ်
လာသည်။စိတ်အတက်အကျလည်း မြန်ဆန်လာ
သည်။မျက်တွင်းများကျကာ မျက်နှာမှာလည်း အတော်လေးပင် ချောင်ချသွားသည်။

လူတွေကသူ့ကိုကြည့်လျှင် သူကြောက်သည်ဟု
သက်ဝေက ပြောတတ်လာသည်။စိတ်ထံ လုံခြုံမှု
မရှိတော့ခြင်းကိုပင် သက်ဝေက ခံစားနေရပုံပေါ်
​၏။ဒါကို ပြေငြိမ်းဆွေလည်းသိသည်။

တစ်ခါတလေဆို လူကသာထိုင်နေသည်။
စိတ်များက မည်သည့်ထံ ရောက်နေမှန်းမသိ
ရောက်နေတတ်သော သက်ဝေ​၏ပုံစံနှင့်
တက်ကြွမှုမရှိတော့သော သက်ဝေ​၏ဟန်ပန်က
မွန်းကျပ်ကာ နာကျင်စရာကောင်းနေသည်။

ပြေငြိမ်းဆွေကမူ သက်ဝေကိုသာ တွေတွေကြီး
ငေးကြည့်နေတတ်ဆဲဖြစ်သည့်အလျောက် သက်ဝေအပေါ် ဂရုစိုက်ပေးခြင်းလည်း မပြတ်ခဲ့ပါ။

**

"သက်ဝေ"

"ဟင်"

"ဘာလုပ်နေတာလဲ သက်ဝေ"

"ဒီမှာလေ ကျွန်တော်ခဲတံချွန်နေတာဆရာ.."

ကျွန်တော့်လက်ထဲရှိ 2Bခဲတံအား ဆရာ့ကို
မြှောက်ပြမိကာမှ ကျွန်တော့်မှာ ဆွံ့အရတော့
သည့်အဖြစ်ပါ။ခဲတံ​၏ပုံစံမှာ အလယ်ကခဲသားအချောင်းကြီးသာ ကျန်ရှိတော့သည်အထိ
ကျွန်တော် ခဲတံကိုချွန်ပစ်မိထားသည်။

ငွေလမင်းရယ် မပြုံးနိုင်ရှာ(Completed)Donde viven las historias. Descúbrelo ahora