အခန်း-(၁၀)

999 79 2
                                    

Unicode

လေရူးတွေဟာ နွေဦးကို ကြိုဆိုနေကြောင်း
ရွက်ဝါများကို ကြွေကျစေခြင်းအားဖြင့် သဘာဝ တရား​၏ ပုံဖော်ပြနေခြင်းကိုပင် ကျွန်တော် သည်ကနေ့ ခံစားသိရှိလိုက်ရ​သည်။

​ဆရာက ကျွန်တော့်ကို နွေဦးနှင့်တင်စားတတ်
သော ဆရာ့​၏နွေဦးမှာ အမှန်တကယ်ပင်ရောက်
ရှိလို့လာနေ​၏။သို့ရာတွင် နွေညကိုမျှော်လင့်နေသော ဆရာ့ဆန္ဒသည်လည်း ပြည့်မြောက်တော့မည်။

ဪ..နွေဦးနွေည..။
ကျွန်တော့်အတွက်တော့ ပူလောင်ရတဲ့နွေဦးနွေည။
ဆရာ့အတွက်တော့ ကဗျာဆန်စေခဲ့ရတဲ့ နွေဦးနွေညတွေပါတကား။

"မင်းက နွေဦးလိုပဲ..၊ငေးကြည့်နေရရင်တောင်မှလေ လွမ်းဆွတ်တမ်းတရတဲ့ နွေဦးသက်ရှိလိုပဲ
သက်ဝေရယ်"လို့ ပြောတတ်ခဲ့သောဆရာပါ။
ကျွန်တော့်အသည်းနှလုံးကို ကဗျာဆန်ဆန်ခြွေ
ယူတတ်သော ဆရာပြေငြိမ်းဆွေပါ။

ရွက်ကြွေများသည် မြေပြင်ထံခစားနေလျှင်
အပင်များထံ အရွက်များကပြုန်းကြတော့မည်။
သို့ရာတွင် ရွက်သစ်ပုရစ်ဖူးကလေးများက
စိမ်းစိမ်းစိုစို ကြော့ကြော့မော့မော့တစ်ဖြစ်နှင့်
လည်း မြိုင်မြိုင်ထွက်စပြုလာပေဦးမည်။ဪ..ဘဝအလှပါတကား။ငွေလ​၏ မျှော်လင့်
စောင့်စားနေခြင်းပါတကား။

ကျွန်တော် ညီမလေးပုံ့ပုံ့ကို စက်ဘီးဖြင့်
ဂရမ်မာသင်တန်းကိုလိုက်ပို့ပြီးကာမှ သင်တန်း​
အိမ်​၏ဘေးခြံသို့ ကျွန်တော့်အကြည့်များက
ရောက်သွားသည်။

ဘေးခြံသည်..ဒေါ်မိဂျမ်းတို့နေထိုင်ရာ အိမ်အခန်းတွဲများဖြစ်သည်။ခြံထဲ၌ အိမ်ခန်းတွဲများဆောက် ထားကာ သူတို့တတွေကတော့ ငှားနေရသူများ
ဖြစ်လင့်ကစား ယခုတော့ ပစ္စည်းများအား
အပြင်ဘက်သို့ထုတ်ထားကြသည်။ကားပေါ်သို့
ရွှေ့တင်နေကြသူများကလည်း တင်နေကြသည်။

"အကုန်လုံး အိမ်ပြောင်းကြတာလား"

ကျွန်တော် ဘာမှန်းမသိစွာ ရေရွတ်မိလိုက်​၏။
ဒေါ်မိဂျမ်းတို့တတွေမှာလည်း မျက်နှာများ
မကောင်းကြပါ။အဲ..သို့ပေမင့် ကျွန်တော့်ကို
မဟုတ်မမှန် အတင်းအဖျင်းများပြောကာ ယိုးစွပ်
တတ်ကြသည့် ထိုသူ(မ)တို့..သည်ရပ်ကွက်၌မရှိ
ကြတော့ခြင်းကိုပင် ကျွန်တော်ပျော်ရမည်လော။ပျော်လိုက်သင့်ပါသလောလေ။

ငွေလမင်းရယ် မပြုံးနိုင်ရှာ(Completed)Donde viven las historias. Descúbrelo ahora