အခန်း-(၂၉)

608 41 0
                                    

Unicode

ကြေးစည်အားတီးခိုက် ထွက်ပေါ်လာသော
တဒူဒူ၊တဝေဝေအသံကပင် ရင်ကိုလွှမ်းသွား​
စေ၏။သည်အသံကိုပင် ကျွန်တော်တို့ရင်မှာ
အောင့်အီးသည်းခံထား၍လည်း မရကြ။
စိတ်မှာ၊ရင်မှာ၊နှလုံးသားမှာ ဟာခနဲ၊လှပ်ခနဲ
ဆုံးရှုံးသွားရမှုကြီးပါကလား။ကြေကွဲဆိုနင့်နေ
ရမှုဝေဒနာဟာ ပေါ့သေးသေးတော့မဟုတ်တန်ရာပါ။

သူ့အသံဟာ ပူပူဆွေးဆွေးငိုနေသလိုလိုကြီး။
ဪ..တကယ်တမ်းတော့ ကိုယ်ကငိုရတာ။
ရင်တွင်း၌မက ပြင်ပမှာလည်းမျက်ရည်ကျကာ
ငိုနေရတာ။အမေ့ငိုသံသဲ့သဲ့ကလေးကတော့
ထိုကြေးစည်သံတဒူဒူ၊တဝေဝေထက်ပင်
ကျွန်တော့်ရင်မှာပဲ့တင်သံများက ဆို့ဆို့နင့်နင့်
လာထပ်နေနိုင်သေးတာ။

အဖေ့အခေါင်းအား နိဗ္ဗာန်ယာဉ်ပေါ်တင်ပြီး
နောက် ကျွန်တော်သည် အမေ့ကိုထိန်းဖက်ပေး
ထားရကာ၊အဖေ့​၏ဓာတ်ပုံကိုလည်း ရင်မှာပိုက်
လို့မြဲမြဲကိုင်ထားပြီး နီနီ့​၏ကားပေါ်သို့ တက်ကြ
ရ​သည်။

နီနီသည် မောင်းသူနေရာ၌ မျက်နှာမကောင်းစွာ
ထိုင်နေသည်ပမာ၊ညီနှင့်ညီမလေးကမူ အနောက်
ခန်း၌ထိုင်နေကြသည်။အမေ့အား အရှေ့ခန်းသို့
မပို့တော့ဘဲ ကျွန်တော့်ဘေးမှာသာ အမေ့ကိုထားရသည်။

"ပုံ့ပုံ့ မငိုနဲ့တော့ကလေးရဲ့..အဖေ့ကိုစိတ်ဖြောင့်
ဖြောင့်နဲ့ပဲ ကိုကိုတို့တွေ သွားခွင့်ပေးကြရအောင် လားညီမလေးရယ်..နော်"

"ကိုကို..ပုံ့ပုံ့တို့မှာ ဖေဖေမရှိတော့ဘူး"

"အမေရော၊ကိုကိုရော..ကိုလေးရောရှိပါသေးတယ်"

နှစ်သိမ့်ပေးရသူကျွန်တော့်ရင်မှာလည်း ဖြေသိမ့်
နေရခြင်း ဝေဒနာဒဏ်ဟာမသေးခဲ့ပါ။ညီမလေး
ကိုနှစ်သိမ့်ပေးရသော ကျွန်တော့်အသံကပင်
တုန်တုန်ယင်ယင်။ရင်မှာတော့ ဝေဒနာလှိုက်စား
နေပုံက ဂလိုင်ပေါက်ကြီးလိုပါတကား။
အမလေး..ဘုရား ဘုရား။

အဖေကတော့ ဝတ်ကောင်းစားလှလေးနဲ့။
ကျွန်တော်ဝယ်လာခဲ့တဲ့ ဝတ်ကောင်းစားလှ
လေးနဲ့ အဲသည့်အထဲမှာ လဲလျောင်းအိပ်နေတာလေ။အမေကတော့ ယောဂီထဘီ၊ရင်ဖုံးအဖြူနဲ့
သဘက်ကို ပခုံးပေါ်တင်ထားရှာတဲ့ အမေ့မျက်နှာလေးက နွမ်းနယ်နေပြီး၊အပြုံးအရယ်တွေကင်းမဲ့
နေတော့တာကို အဖေမသိဘူးလား။လာချော့ရမှာပေါ့။အိပ်မက်ထဲဖြစ်ဖြစ်တော့ အဖေလာချော့သင့် တာပေါ့ နေနိုင်သူကြီးရဲ့။

ငွေလမင်းရယ် မပြုံးနိုင်ရှာ(Completed)Donde viven las historias. Descúbrelo ahora