ဆူညံလွန်းလှတဲ့
ကားအစီးပေါင်းများစွာရဲ့
ဟွန်းတီးသံတွေ..သူ့ပတ်၀န်းကျင်၌
ဖြတ်လျှောက်သွားကြသော
လူတစ်ချို့နှင့် ၊
စက်ဘီး ဆိုင်ကယ်စသည့်
ယာဥ်အသေးစားတို့ရဲ့ ဆိုင်ရာအသံတို့မှာလည်း
သူ့နားအတွင်းသို့ ရိုက်ခတ်လျက်ရှိသည်။တစ်ပြိုင်နက်
သူ့ခန္ဓာကိုယ်ပေါ် စီးဆင်းကျနေသော
ကောင်းကင်ထက်က
မိုးရေစီးကြောင်းတို့ကိုလည်း
မျက်ကွယ်ပြုထားလျက်
ထိုနေရာ၌ မလှုပ်မယှက်ရပ်နေခဲ့တယ်။မိုးများက သည်းထန်ရွာသွန်းနေတာကြောင့်
အကာအကွယ်မရှိသည့် လူတစ်ချို့တို့ဟာ
ပြေးလွှားနေခဲ့ကြပြီး ၊ပိုင်ဆိုင်ရာ အကာကွယ်ရှိနှင့်ပြီးသား
လူတစ်ချို့မှာတော့ သူ၏ဘေးနားမှ
ဖြတ်လျှောက်သွားရင်းအသိစိတ်လွတ်နေသလို ၊
အရူးနှင့်တူသည့်သူ့အား
ထူးဆန်းသည့်အကြည့်တို့ဖြင့်
ကြည့်သွားကြလေတယ်။အေးစိမ့်နေသည့် မိုးရေတွေဟာ
သူ့ကိုဒဏ်ခတ်နေဟန် ၊ ဒါမှမဟုတ်
သူ့ကို ထိုနေရာမှရွေ့လျားစေရန် အသွင်ဆောင်နေတယ်။ဖြူစွတ်နေပြီးသား အသားအရေသည်
ယခုဒဏ်ကြောင့်နဲ့မှ ပိုပြီးဖြူစုတ်လာကာ
နှုတ်ခမ်းပါးတွေမှာလည်း
သွေးအရောင်ဆိုတာ မရှိတော့လောက်အောင်ပင်။ခန္ဓာကိုယ်ထက်တွင်ရှိသော
အ၀တ်အစားတွေရော မျက်နှာပေါ်တွင်
ဖုံးအုပ်ထားသော mask တွေကအထိ
မိုးရေတွေကြောင့် အကုန်စိုရွဲနေပြီဖြစ်သည်။ဒါပေမယ့်လည်း သူ၏မျက်လုံးသေတွေနဲ့
သေဆုံးနေပြီဖြစ်သော ခံစားချက်တွေဟာ
သူ့ရဲ့ခန္ဓာကိုယ်ကို ထိုနေရာမှရွေ့လျားရန်
အသိစိတ်မှတဆင့် စေခိုင်းခြင်းမျိုးရှိမလာခဲ့ပါ။တစ်စုံတစ်ခုအား မျှော်လင့်ချက်မဲ့နေသလို
အရာအားလုံးကို ဆုံးရှူံးလိုက်ရသလို
အသက်မဲ့နေတဲ့သူဟာ
ဒီလောကကြီးမှာ အသက်ဆက်ရှင်နေရင်လည်း
ဘာများထူးတော့မှာလဲ..

YOU ARE READING
𝗀𝗋𝖺𝗒 , 𝗎𝗆𝖻𝗋𝖾𝗅𝗅𝖺 , 𝖼𝗂𝗀𝖺𝗋𝖾𝗍𝗍𝖾𝗌 & 𝖺 𝖻𝗈𝗒 || sᴜɴɢᴡᴏɴ √
Fanfictiongray လို ရှုပ်ထွေးနေတဲ့သူ့ဘ၀ထဲ ထီးလေးတစ်ချောင်းနဲ့အတူ စီးကရက်နှင့်တူသည့် ကောင်လေးတစ်ယောက်က ၀င်ရောက်လာခဲ့တယ်။ sᴜɴɢʜᴏᴏɴ 𝑥 ᴊᴜɴɢᴡᴏɴ 𝖲𝗎𝗇𝗀𝖶𝗈𝗇