a boy

652 70 25
                                        

စားပွဲတစ်ခု​ပေါ်တွင် လက်ဖြင့်
အရှိန်ပါစွာ ​တောက်​နေမိ​သောသူသည်
မည်သည့်အ​ကြောင်းအရာတို့ကို
​တွေ​ေ၀​နေပါသနည်း။

စဥ်းစားခန်းကို အဖွင့်လွန်ခြင်းနှင့်အတူ
​ကြောက်စိတ်​တွေနဲ့ စိုးရိမ်စိတ်တို့မှာလည်း
တစ်ဖန်ကြီးစိုးထားသည်။

တကယ်ပဲ သူဘာလုပ်သင့်ပါသလဲ။

​ယောင်းဂျယ် သက်ပြင်းရှည်ကြီး
တစ်ခုအား ချမိလိုက်သည်။

သူတစ်​​ယောက်တည်းသာဆိုလျှင်
ဂျီဟွန်း၏လက်က လွတ်​မြောက်ဖို့
မကြိုးစားရဲသလို ၊
သူ၏ညီမဖြစ်သူမှာပါ အခုဓါးစာခံအဖြစ်
ပါ၀င်​နေရပြီဖြစ်လို့ ပိုကြီးမားလာခဲ့ပြီ။

ဒီထက်ပိုပြီး ဂျီဟွန်းနှိပ်စက်သမျှမခံနိုင်​တော့ပါ။

​ယောင်းဂျယ် သူ့ညီမ​လေးကိုသူလည်း
သနားလာပြီ။ က​လေးမှာ ဘာမှမသိဘဲနဲ့​တောင်
သူ့တုန်းကလိုပင် ​ကျောင်းရဲ့အပယ်ခံ ၊
Bully ခံ ဖြစ်​နေရတာ။

​ယောင်းဂျယ်က ဂျီဟွန်းကိုတစ်ခါပြန်အာခံမိရင်
ပြန်ထိခိုက်တာက ​ယောင်းဂျယ်မဟုတ်ဘဲ
သူ့ညီမ​လေးဖြစ်​နေတာမို့လို့
ဂျီဟွန်းလက်ထဲက​နေ ပိုထွက်​ပြေးချင်မိတယ်။

သူ,မလုပ်နိုင်ခဲ့သလို မလုပ်လည်းမလုပ်ရဲခဲ့ဘူး။

ဒါ​ပေမယ့် အခု​တော့ သူ..

အချိန်အ​တော်ကြာအထိ ​တွေ​ေ၀​နေတဲ့
​ယောင်းဂျယ်ဟာ ​နောက်ဆုံးစွန့်စားဖို့
ကြိုးစားခဲ့တယ်။

ဖုန်းကိုထုတ်ကာ နံပါတ်တို့အားနှိပ်ရင်း

"ရှင်းမ်ဂျယ်ယွန်းရဲ့ဖုန်း ဟုတ်ပါသလား?"

______

*soloist Park Sunghoon ရဲ့ bully case အဖြစ်မှန်​ပေါ်​ပေါက်လာ*

*နစ်နာသူကိုယ်တိုင်မှ တစ်စုံတစ်​ယောက်ရဲ့ခိုင်း​စေချက်​ကြောင့် လိမ်ညာ​ဖြေဆိုခဲ့​ကြောင်း ၀န်ခံလာခြင်း*

*Park Sunghoon က အပြစ်လွှဲချခံခဲ့ရသူလား?*

*ထို case ရဲ့ အဓိကတရားခံဟာ မည်သူပါလဲ*

*soloist Park Sunghoon က အခုဘာဆက်ဖြစ်မှာပါလဲ?*

များစွာ​သော ​ခေါင်းစီးသတင်း​တွေဟာ
​ဆောင်းဟွန်းကို အထူးအဆန်းဖြစ်သွား​စေတယ်။

𝗀𝗋𝖺𝗒 , 𝗎𝗆𝖻𝗋𝖾𝗅𝗅𝖺 , 𝖼𝗂𝗀𝖺𝗋𝖾𝗍𝗍𝖾𝗌 & 𝖺 𝖻𝗈𝗒 || sᴜɴɢᴡᴏɴ √Where stories live. Discover now