cigarettes

511 64 9
                                    

*ဒုန်း*

ဆိုသည့်အသံဟာ ထုံးစံအတိုင်း
​ဆောင်းဟွန်းအ​နောက်ဘက်စားပွဲမှ
ထွက်လာသည့်အသံပင်။

"အီ​ယောင်းဂျယ် ထွက်လာခဲ့!"

​ဆောင်းဟွန်းအ​နောက်ဘက်မှာရှိ​နေသည့်
'အီ​ယောင်းဂျယ်' ဆိုသည့်​ကျောင်းသားအား
​ကော်လံက​နေစမ,ကာ ​ခေါ်သွားခံခြင်းကို
မြင်​တွေ့ရမည်ဖြစ်ပြီး ၊

ဒါက ဘယ်လိုအ​​ခြေ​နေလဲဆိုတာ
​ကျောင်းသားတိုင်းကသိ​နေသည့်အလား
သူတို့နှင့်မဆိုင်မလိုပင် ​နေ​နေကြ​လေတယ်။

​တောင်ကိုရီးယားနိုင်ငံက
အထက်တန်း​ကျောင်း​တွေဟာ
​ကောင်းပါလျက်နဲ့ တစ်ခုတည်းကွက်ပြီး
ဆို၀ါး​နေသည့်အရာမှာ​တော့

အခုလို bully case ပင်။

"ဘာကြည့်တာလဲ ပတ်​ဆောင်းဟွန်း
ဘာလဲ? မင်းပါ ပါချင်လို့လား?"

ခပ်​ထေး​ထေးပြုံးကာ​မေး​နေ​သော
ဂျီဟွန်း၏ အ​မေးကို ​
ဆောင်းဟွန်းပြန်မ​ဖြေနိုင်ခဲ့ဘဲ
မျက်​မှောက်ကျုံ့ကာပြန်ကြည့်​နေမိခဲ့တယ်။

ဂျီဟွန်းက ​ယောင်းဂျယ်ကို
အတန်းထဲမှဆွဲ​ခေါ်ထုတ်သွားသည့်အချိန်ကြမှ
​ဆောင်းဟွန်း လက်သီးအစုံတို့အား
ဆုပ်လိုက်မိတယ်။

ဂျီဟွန်းဆိုတာက ​ယောင်းဂျယ်လို
ခပ်အ,အ ​ကောင်​လေးကို
အမြဲတစ်နည်းနဲ့တစ်နည်းမဟုတ်
Bully ​နေကျပင်။

ဒါကို အတန်းထဲကလူ​တွေကအစပါ
သိ​နေခဲ့ကြ​ပေမယ့် မည်သူ့မျှပြန်မ​ပြောရဲဖြစ်​နေတာက​တော့ ဂျီဟွန်းက ​ကျောင်းအုပ်ဟွမ်ရဲ့သား ဖြစ်​နေတာ​ကြောင့်ပင်။

​ဆောင်းဟွန်းကိုယ်တိုင်လည်း
ဒီလိုအရာမျိုး​တွေဆို ​
သေ​လောက်​အောင်
မုန်းပါသည်။

​ယောင်းဂျယ်ကို သူ၀င်ကူညီချင်​ပေမယ့်လည်း
သူ့မှာ အခွင့်မရှိသလို ၊
မျက်နှာသာမ​ပေးလွန်းလှတဲ့
ကံကြမ္မာ​ကြောင့်လည်း ပါတာ​ပေါ့။

အိမ်မက်နဲ့ရည်မှန်းချက်ရှိတဲ့​
ဆောင်းဟွန်းဟာ
အရာအားလုံးကိုမသိသလို​နေမှ
အားလုံးအဆင်​ပြေမှာလို့ ​​တွေးမိတာ​ကြောင့်
သူနဲ့မဆိုင်သလို​နေဖို့အတွက် အသား​ပေးလာပါ​တော့သည်။

𝗀𝗋𝖺𝗒 , 𝗎𝗆𝖻𝗋𝖾𝗅𝗅𝖺 , 𝖼𝗂𝗀𝖺𝗋𝖾𝗍𝗍𝖾𝗌 & 𝖺 𝖻𝗈𝗒 || sᴜɴɢᴡᴏɴ √Where stories live. Discover now