Special extra for Jungwon's day

851 67 31
                                        

[ song recommend - ONLY by Lee Hi ]

Be my only one

"ကိုယ့်ရဲ့တစ်ဦး​သောအပိုင် ဖြစ်​ပေးပါ​နော်"

သူ့ထံ၌သာ တစ်​နေရာတည်းကွက်၌
အလင်း​ရောင်ရရှိ​နေ​သော အ​ခြေအ​နေ။

သူ့အ​ရှေ့၌ ဒူး​ထောက်၍
သူ့လက်ဖမိုးကို နူးညံ့စွာကိုင်ရင်း
စကားလုံးတစ်ချို့တို့ကို ဆို​နေ​သော
လူမှာ သူ့အတွက်အရင်းနှီးဆုံးသူစိမ်းဆိုလည်းမမှား။

သူတကယ် အခုအ​ခြေအ​နေအား
နားမလည်နိုင်စွာ ဖြစ်​နေမိသည်။

သူတို့နှစ်​​ယောက်စလုံးဟာ
အခုအ​​ခြေအ​နေမတိုင်ခင်
ဘယ်လိုဆက်ဆံ​ရေးရှိခဲ့ကြတာပါသလဲ။

​ကောလိပ်​ကျောင်းသားဖြစ်သည့်
​ဂျောင်၀န်းသည် အတတ်နိုင်ဆုံး
ပုန်းလျှိုကွယ်လျှိုလုပ်ကာ
​ဆောင်းဟွန်းကို​တွေ့ရန်အတွက်
​ဆောင်းဟွန်းရဲ့ကွန်ဒိုကိုသွားတတ်သည်။

တစ်ဖန်​အောင်မြင်လာတဲ့​ဆောင်းဟွန်းမှာလည်း
ပုံမှန်ထက်ပို​ အာရုံစိုက်ခံရဖို့များလာတယ်။

ထို့​ကြောင့် ​ဂျောင်၀န်းနဲ့​တွေ့ချင်ရင်​တောင်
​ဂျောင်၀န်းရဲ့အိမ်ကို လက်လွတ်စပယ်
သွားလို့မရ​တော့ဘဲ ၊

​​ဂျောင်၀န်းကိုသာ သူ့ဆီလာ​စေတယ်။

သို့​ပေမယ့်
အထီးကျန်​နေတတ်တဲ့ မနက်ခင်း​တွေမှာ​
​ဆောင်းဟွန်းအတွက် သူ၏ပရိသတ်​တွေဟာ
​ပျော်ရွှင်​​အောင်လုပ်​ပေးကြပြီး ၊

ညပိုင်းအချိန်အခါ
မိုး​တွေသည်း​နေတဲ့ အချိန်​တွေမှာ ​
ကြောက်တတ်တဲ့​ ​ဆောင်းဟွန်းကို ​
ဂျောင်၀န်းကအ​ဖော်ပြု​ပေး​တတ်တယ်။

​ဂျောင်၀န်းက အခုလိုသူနဲ့အတူတူ
ရှိ​နေ​ပေးတဲ့အချိန်​တွေဆိုရင်
​ဆောင်းဟွန်းရဲ့ကမ္ဘာကြီးက
​အေးချမ်းသွားသလိုပင်။

​ဂျောင်၀န်းဆိုသည့်သူဟာ
​ဆောင်းဟွန်းအတွက် မရှိမဖြစ်လိုအပ်တဲ့
လူသား​လေးတစ်​ယောက်။

ထိုလူသားသာ သူ့အနားမှာ
အမြဲရှိ​နေ​ပေးမယ်ဆိုရင်
​ဆောင်းဟွန်း အရာအားလုံးနဲ့
လဲလှယ်ပစ်နိုင်ပါသည်။

🎉 You've finished reading 𝗀𝗋𝖺𝗒 , 𝗎𝗆𝖻𝗋𝖾𝗅𝗅𝖺 , 𝖼𝗂𝗀𝖺𝗋𝖾𝗍𝗍𝖾𝗌 & 𝖺 𝖻𝗈𝗒 || sᴜɴɢᴡᴏɴ √ 🎉
𝗀𝗋𝖺𝗒 , 𝗎𝗆𝖻𝗋𝖾𝗅𝗅𝖺 , 𝖼𝗂𝗀𝖺𝗋𝖾𝗍𝗍𝖾𝗌 & 𝖺 𝖻𝗈𝗒 || sᴜɴɢᴡᴏɴ √Where stories live. Discover now