umbrella

717 77 14
                                        

"​ကျောင်းသား..
မ​ကြောက်ပါနဲ့ မင်းအမှန်အတိုင်း​ဖြေမယ်ဆို
မင်းအတွက်​ရော အားလုံးအတွက်ပါ
အဆင်​ပြေသွားမှာပါ"

​ကြောက်ရွံ့သည်လား
စိုးထိတ်​နေသည်အလား
ဒါမှမဟုတ် အလိမ်အညာတစ်ခုအား
ဖုံးကွယ်ထားရတာမို့
​ပေါ်​ပေါက်သွားမှာကို စိတ်ပူ​​နေသည်အလား
ဆိုတာကို ​သေချာမသိ​တော့​ချေ။

၀ုန်းဒိုင်းကြဲပြီး ထူပူ​နေတဲ့
သူ့ရဲ့မူမမှန်တဲ့ ခန္ဓာကိုယ်​ကြောင့်
မျက်လွှာကိုလည်း ​အောက်သို့ချထားရင်း
မျက်၀န်း​တွေမှာလည်း ဂနာမငြိမ်​ဖြစ်​နေ​သေးတယ်။

လက်သည်းခွံချင်းကိုလည်း
ထိကပ် ကုတ်ဖဲ့​နေရင်း
​ကြောက်စိတ်လွှမ်းမိုး​နေတဲ့သူဟာ
မည်သူများပါလိမ့်..

"​နစ်နာသူ အီ​ယောင်းဂျယ် ရှီ
မင်းကိုထိခိုက်နာ​ကျင်​အောင်လုပ်ပြီး
အနိုင်ကျင့်ခဲ့တဲ့သူက ပတ်​ဆောင်းဟွန်း..
ဟုတ်ပါသလား"

အသက်ရှူနှုန်း​တွေမြှင့်တတ်လာကာ
နှုတ်ခမ်း​တွေဟာလည်း တုန်ရီလာသည်။
အ​ရှေ့၌ ​မေး​နေသည့်
အမှုစစ်တာ၀န်ခံ​တွေဟာလည်း
သူ့ရဲ့အ​ဖြေကို ​စောင့်ဆိုင်း​နေကြသည်။

"ဟုတ်...ဟုတ်ပါတယ်"

~~~~

နံရံတွင်ရှိသည့် ခလုတ်တစ်ခုအား
နှိပ်လိုက်​တော့
အခန်းတစ်ခုအတွင်း အလင်း​ရောင်များ
စီ၀င်​ရောက်ရှိလာသည်။

တည်ရာ​နေရာ ဗဟိုတွင်ရှိ​နေသည့်
ဧည့်ခန်း​ဆောင် ဆိုဖာထက်၌
ထိုင်ချလိုက်ရင်း စိတ်​မောပန်း​နေဟန်
သက်ပြင်းရှည်ကြီးတို့ကို ချလိုက်​လေတယ်။

​ဆောင်းထားသည့် ဦးထုပ်နှင့်အတူ
မျက်နှာထက်က mask ကို ချွတ်ပစ်လိုက်​တော့
မျက်နှာခပ်​ချော​ချောဟာ ​ပေါ်လာသည်။

ဆိုဖာထက်၌သာ လှဲရင်း
ဘယ်နှကြိမ်​မြောက်မှန်းမသိတဲ့
သက်ပြင်း​တွေကိုချ​နေ​မိ​တော့သည်။

ယခုသူ့ပုံစံသည်
​ရှောင်တိမ်း​နေ​သော ၀ရမ်း​ပြေးနှင့်ပင်
တူ​နေ​လေပြီဖြစ်သည်။

တကယ်ပဲ ဘယ်က​နေဘယ်လို ၊
ဘယ်သူကများ အဲ့ဒီအ​ကြောင်းအရာကို
ဖန်တီးပစ်လိုက်တာပါလိမ့်..။

𝗀𝗋𝖺𝗒 , 𝗎𝗆𝖻𝗋𝖾𝗅𝗅𝖺 , 𝖼𝗂𝗀𝖺𝗋𝖾𝗍𝗍𝖾𝗌 & 𝖺 𝖻𝗈𝗒 || sᴜɴɢᴡᴏɴ √Where stories live. Discover now