HER(Part-2)

3 0 0
                                    

"မင်း"

"ဟိုတစ်ယောက်"

"နင်တို့နှစ်ယောက်က အသိတွေလား"

"မဟုတ်ပါဘူး သူပေါ့ ငါပြောတဲ့တစ်ယောက်က"

"အော် ဝင်တိုက်မိတယ်ဆိုတဲ့တစ်ယောက်က သူလား အဲ့ဆို မိတ်ဆက်လိုက်ကြဦး အခန်းဖော် အချင်းချင်း ငါ သွားပီ"

"ဝင်ခဲ့လေ"

"ဟုတ်"

"သက်တောင့်သက်သာနေ ကိုယ်က ပေါ့ပေါ့ပါးပါးနေတက်သူဆိုတော့ အားနာစရာ မလိုဘူး"

"ဟုတ်"

"ဒါနဲ့ မင်းနာမည်က ကိုယ့်နာမည်က အိုင်းရင်းပါ"

"ကျွန်မနာမည်က ဆိုယောင်းပါ"

"ကိုရီးယားလူမျိုးလား ကိုယ်က ကိုရီးယားကပြားလေ ကိုရီးယားစကားတော့ နည်းနည်းပြောတက်တယ် အဆင်ပြေရင် ကိုရီးယားလို ပြောကြမယ်လေ"

"ဟုတ်ကဲ့"

"သက်တောင့်သက်သာနေဆို တစ်ဟုတ်ဟုတ်နဲ့"

"ဟုတ်"

"ကဲ"

"မပြောတော့ဘူးနော်"

"အွန်း ဘာစားပြီးပြီလဲ တစ်ခုခုသွားစားရအောင် လိုက်ခဲ့လေ"

"ရပါတယ် ခုနကတော့ စားခဲ့ပြီးပြီ ပစ္စည်းလည်း နေရာချရဦးမှာဆိုတော့ နေခဲ့လိုက်ပါမယ်နော် "

"အဲ့ဆို ကိုယ်သွားပြီနော် ကိုယ့်အခန်းလိုသဘောထားပြီး ကြိုက်သလိုနေနော်"

"အွန်း"

နောက်ဆုံးတော့ အေးအေးဆေးဆေးနေလို့ရပြီ အဲ့လောက်ထိ သဘောကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး အာ မေ့နေတာ အမေ့ဆီ ဖုန်းဆက်ကမှာဘဲ

"ဟဲလို အမေ သမီး အဆောင်ရောက်ပြီ"

"ဟုတ်လား အဲ့မှာကော အဆင်ပြေရဲ့လား အခန်းဖော်နဲ့ကော တွေ့ပြီးပြီလား သူကော သဘောကောင်းလား "

"အမေရယ် ဖြည်းဖြည်းမေးပါ သမီး အားလုံး အဆင်ပြေတယ် အခန်းဖော်ကလည်း အရမ်းသဘောကောင်းတယ် အမေလည်း ကျန်းမာရေး ဂရုစိုက်ဦး တစ်ယောက်တည်းဆိုပြီး ဖြစ်သလိုမနေနဲ့ဦး"

"ငါ့ကိစ္စငါသိပါတယ် ညည်းသာ ဂရုစိုက် အချိန်မှန်မှန်အိပ် အချိန်မှန်စား ကြားလား "

HER(GL)Where stories live. Discover now