ဂျယ်ဟော့ရဲ့အိမ်အတွင်းလေထုအခြေအနေ
ကတော့ ခါတိုင်းနဲ့မတူစွာ ထူးဆန်းသည့်
အငွေ့အသက် နေရခက်သည့်
ကသိကအောက် အငွေ့အသက်များက
ကြီးစိုးလို့နေသည်...။
သူဘယ်လိုမှမထင်မှတ်ထားတဲ့ကောင်လေး
ရဲ့ရုတ်တရက်ရောက်ရှိလာမှုကြောင့်
သူ့ရဲ့ညစာစားခြင်းကိုရပ်တန့်လိုက်ရပြီး
ဧည့်ခန်းကဆိုဖာမှာ အဲ့ကောင်လေးနဲ့
မျက်နှာချင်းဆိုင်ထိုင်နေရသည့်အနေအထား
ကိုရောက်နေသည်...။
ခင်ဗျားအိမ်မှာခနလောက်နေလို့ရမလား
ဆိုပြီးချွေးသံတရွှဲရွှဲနဲ့ရောက်ချလာတဲ့
ကောင်လေးက ဒီတစ်ခါလဲတကယ့်ကို
အခက်တွေ့နေတဲ့ပုံစံမို့ဘာမှတောင်
မမေးမမြန်းဘဲ သူ့အိမ်ထဲကိုပေးဝင်ထား
ခြင်းပင်...။နာရီဝက်လောက်အထိ ဘာမှမပြောဘဲ
ဒီအခြေအနေအတိုင်းပဲရှိနေတော့
ကသိကအောက်ခံစားချက်ကြီးကကြီးစိုး
လာတော့သည်...။
သူ့မှာဘာဖြစ်လာတာလဲဆိုပြီးမေးချင်ပေ
မယ့်လဲကောင်လေးကမတည်မငြိမ်
အခြေအနေကြီးနဲ့မို့သူ့မှာ မမေးရက်..။ကောင်လေးက သူ့နဖူးစပ်ကချွေးတွေကို
အင်္ကျီလက်မောင်းနဲ့တွတ်ဆွဲပြီး
သုတ်နေတယ်..။
သူ့ကိုတော့ ဘာမှပြောမလာသေးဘူး...။
စကားပြောဖို့နေနေသာသာ အိမ်ထဲရောက်
ကတည်းကသူ့နဲ့အကြည့်ချင်းကိုမဆုံ
သေးတာ...။
သူ့ဘာသူ တစ်ယောက်တည်းဘာကို
ကြောက်မှန်းမသိကြောက်နေပြီး လက်နှစ်
ဖက်ကိုပဲတစ်ဖက်နဲ့တစ်ဖက်တင်းနေအောင်
ဆုပ်ကိုင်ထားသည်...။
အခုတော့...
ကောင်လေးအခြေအနေကလဲ ခုနကထက်
စာရင်တည်ငြိမ်လာပြီမို့သူ့ဘက်ကပဲ
စပြီးနေရခက်တဲ့အခြေအနေကိုဖြိုခွင်း
လိုက်တော့သည်...။"အဟမ်း!!.."
သူချောင်းဟန့်လိုက်တော့ ကောင်လေးက
ချွေးတွေကိုတွတ်သုတ်နေရင်းကနေသူ့ကို
မော့ကြည့်လာသည်...။"ခုချိန်ထိ ဘာလို့ဒီကိုရောက်လာရတာလဲ
ဆိုတဲ့အကြောင်းအရင်းကိုမသိရသေး
ဘူးနော.."အဲဒီတော့မှကောင်လေးကသတိရသွား
တဲ့ပုံစံဖြင့်အာ....ဆိုပြီးရေရွတ်တယ်..။
YOU ARE READING
Bad Boy [COMPLETED]