နေ့ချင်းညချင်းပဲ ကုမ္ပဏီအခြေအနေတွေက
ပါဆိုးရွားလာတယ်...။
ရှယ်ယာဈေးတွေထိုးဆင်းပြီး ဒီအခြေအနေ
ကမရုန်းထွက်နိုင်ရင် ကုမ္ပဏီဒေဝါလီခံရပြီး
လုံးဝပိတ်သိမ်းရမယ့်အခြေအနေ...။
ဒီလိုတွေဖြစ်ပျက်လာတာ ဘယ်သူ့လက်ချက်
ဆိုတာသူသေချာပေါက်သိပြီးသား...။
လီဂျွန်ဆောင်းကလွဲပြီးဘယ်သူရှိဦးမှာလဲ...။
အဖြေပေးမယ်ပြောပြီးတာတောင် သူလိုချင်တဲ့
အဖြေမျိုးမရမှာစိုးလို့ မရ ရအောင်နည်းမျိုးစုံနဲ့
သူ့ကိုခြိမ်းခြောက်ပြီး ဒုက္ခပေးနေတာ...။
လီဂျွန်ဆောင်းခြိမ်းခြောက်ထားတာတွေတစ်ခု
မှလဲမဆုံးရှုံးရအောင် လီဂျွန်ဆောင်းရဲ့လက်က
လဲလွတ်အောင်နည်းလမ်းရှာနေပေမယ့်...
ဘယ်လိုပဲရှာရှာ...နောက်ဆုံးတော့အဖြေက
တစ်ခုတည်းပဲထွက်လာတယ်...။သူ..လီဂျွန်ဆောင်းကိုလက်ခံမှဖြစ်မယ်...။
သူလက်ခံလိုက်မှသာ ကိစ္စအားလုံးကအဆင်ပြေ
နိုင်မှာ...။°°°°°
အကြာကြီးအိပ်ပြီး နားလိုက်ရတဲ့အတွက်
နောက်တစ်နေ့မနက်မှာတော့အားအင်ပြည့်ဝ
စွာနဲ့ ဂျယ်ဟော့ တစ်ယောက်နိုးလာသည်...။
ညာဘက်လက်က မသိမသာလေးကိုက်နေ
လို့ကြည့်လိုက်တော့ ပတ်တီးအဖွေးသားနဲ့...။
ဘယ်ဘက်လက်မှာလဲ ပုလင်းကြီးချိတ်လို့
အပ်တစ်ချောင်းကထိုးထားရသေးသည်...။
သူကိုယ်တိုင်ကလဲ ဆေးရုံကိုရောက်နေတာ
ဖြစ်လို့..မနေ့ကဘာတွေဖြစ်ခဲ့တယ်ဆိုတာကို
ပြန်စဉ်းစားလိုက်ရ၏...။မနေ့ကသူ ရုံးကပြန်တော့...အက်ဆီးဒင့်ဖြစ်
ခဲ့တာပဲ...။
လူသွားလမ်းပေါ်မှာ ထိုကားနဲ့အလွတ်ကြီး
သူလမ်းလျှောက်နေပေမယ့် ဘယ်ကနေ
ဘယ်လိုဖြစ်သွားမှန်းမသိရဘဲ နောက်ဆုံးမှာ
တော့သူကားတိုက်ခံလိုက်ရတယ်...။
သူကလဲ လူသွားလမ်းပေါ်မှာမို့လုံးဝလွတ်နေ
တဲ့အခြေအနေမှာ အဲဒီကားကတမင်ဝင်လာ
သလိုမျိုးပင်...။
အဲဒီကားသမားကပဲ အရက်မူးနေတာလား..။
လုံးဝအလွတ်ကြီးလမ်းလျှောက်နေတဲ့သူ့ဆီကို
တန်းတန်းမတ်မတ်ကိုဝင်လာတော့ သူ့မှာ
မထင်မှတ်ထားဘဲ ရုတ်တရက်ဆန်လွန်းတာ
ကြောင့်ရှောင်ချိန်တောင်မရလိုက်ဘဲ အတိုက်ခံ
လိုက်ရတာပင်...။
မတော်တဆလို့ပြောရအောင်ကလဲ တည့်တည့်
ကြီးကိုဝင်ချလာတာ...ရည်ရွက်ချက်ရှိရှိလို့ပြော
ရအောင်ကလဲ သူအဲဒီကားသမားကိုသိလဲ
မသိသလို ကိုယ့်ကိုရန်ငြိုးရှိနေတဲ့သူတွေလဲရှိ
တာမဟုတ်ဘူး...။
KAMU SEDANG MEMBACA
Bad Boy [COMPLETED]