7

192 32 0
                                    

သူတို့နှစ်ယောက် နီးစပ်ရာ mini mart
တစ်ခုကိုလာကာ ညစာအတွက်လိုအပ်
သည်များကိုဝယ်နေကြခြင်းဖြစ်သည်..။
သူကတော့ တစ်ခုပြီးတစ်ခုဝယ်နေတဲ့
ခေါင်းဝါလေးရဲ့နောက်ကနေ..ခြင်းကိုင်
ပြီးလိုက်နေရုံသာ...။
ဘာတွေလိုအပ်တယ်ဆိုတာတော့
ချက်မယ့်သူကပဲ စေ့စေ့စပ်စပ်သိမှာ
မလား...။
အဲဒီလိုဆိုတော့ သူကဘာမှဝယ်မနေဘဲ
ဒီတိုင်းလေးပဲနောက်ကနေခြင်းကိုင်ပြီး
ဟိုငေးလိုက်သည်ငေးလိုက်...။

ရေခဲမုန့်စားချင်တယ်ဆိုတဲ့ခေါင်းဝါလေး
ကြောင့်အပြန်လမ်းမှာတော့နှစ်ယောက်သား
ကရေခဲမုန့်ကိုယ်စီနဲ့...။
အထုပ်တွေကတော့ သူပဲဆွဲလာလိုက်ပါ
တယ်....။
သူကအကြီးလဲဖြစ်တဲ့အပြင် ခေါင်းဝါလေး
ကပိန်ပိန်သေးသေးနဲ့မို့ မသယ်ခိုင်းရက်
တာကြောင့်....။

"အာဆာဟိပါလား..."

ထိုအသံကြောင့် နှစ်ယောက်သားရဲ့ခြေလှမ်း
တွေကပြိုင်တူရပ်မိသွားကြသည်..။

"မတွေ့တာကြာပြီနော...အာ..ဆာ..ဟိ.."

ကောင်လေးတစ်ယောက်ကသူတို့
နှစ်ယောက်ဆီကိုချဉ်းကပ်လာကာ
ခေါင်းဝါလေးရဲ့မျက်နှာနဲ့နီးအောင်ခါးကိုင်း
ပြီး..အာဆာဟိဆိုတာကိုတမင်သက်သက်

တစ်လုံးချင်းစီဆွဲပြောလာသည်..။

ခေါင်းဝါလေးက ထိုကောင်လေးကို
တွေ့တော့စိတ်လေတဲ့မျက်နှာပေါက်မျိုး
ဖြစ်သွားတယ်..။
သေးသေးလေးပဲကျန်တော့တဲ့ရေခဲမုန့်ကို
အကုန်စားလိုက်ပြီး ...

"မင်းပြန်ရောက်နေပြီကိုး...."

"အင်း...ကိုယ့်အချစ်ကလေးကိုလွမ်းလို့
ပြန်ရောက်လာတာလေ.."

ခေါင်းဝါလေးရဲ့မေးစေ့ကိုကိုင်ပြီး
အနှောင့်အသွားမလွတ်တဲ့စကားမျိုးကို
တစ်ဖက်ကကောင်လေးကပြောတော့..
ခေါင်းဝါလေးရဲ့မျက်နှာကနီရဲလာသည်..။
ရှက်လို့နီရဲတာမျိုးမဟုတ်ဘဲ ဒေါသဖြစ်လို့
နီလာတာမျိုး..။

"မင်း..ဘာဖြစ်ချင်နေတာလဲ..ဂျွန်ဆောင်း.."

"ကိုယ်လား...အင်း...ကိုယ်..ဖြစ်ချင်တာ
ဆိုရင်တော့..."

Bad Boy [COMPLETED]Tempat cerita menjadi hidup. Temukan sekarang