စိမ့်။အပိုင်း (၃)
ညနေပိုင်းရောက်တော့ မင်းထက် ဓါတ်ပုံတစ်ထပ်နဲ့ သတင်းစကားတစ်ချို့ ယူလာခဲ့ပါတယ်။
"သူတို့က တခြားနယ်က ပြောင်းလာတာ ရက်ပိုင်းပဲ ရှိသေးတော့ ဘယ်ကပြောင်းလာတယ်ဆိုတာ မသိရသေးဘူး ကိုလေး။ အဖိုးရယ်၊ ညီမလေး တစ်ယောက်ရယ်၊ သူရယ် အတူနေကြတယ်။ သူက တက္ကသိုလ် အဝေးသင်တက်တယ်။ ဒုတိယနှစ်ပါ။ သူ့ညီမလေးက ဆယ်တန်းအောင် ပြီးပြီ တက္ကသိုလ် တက်ဖို့ စောင့်နေတာတဲ့။ သူတို့ စီးပွားရေးကတော့ အသုပ်ဆိုင်လေးပဲ ရှိတယ်။ အိမ်ကလည်း နှစ်ချုပ်နဲ့ ငှားနေတာလို့ သိရပါတယ် ကိုလေး။ သူ့အသက်က (၁၉) ပါ။ နောက်ပြီး မိန်းမစိတ်ပေါက်နေပေမယ့် နေတိုင်း ညနေဖက်ဆို ခြံထဲမှာ ကျန်းမာရေး လေ့ကျင့်ခန်းတွေ သုံးယောက်စလုံး လုပ်ကြတယ် လို့ သိရပါတယ်။"
စိုင်းကို ခေါင်းကို ငြိမ့်လိုက်ပါတယ်။ ပြီးတော့ လက်ပြလိုက်တော့ မင်းထက် ထွက်သွားပါတယ်။ လက်ထဲက အရက်ခွက်ကို အရသာခံကာ အနည်းငယ် မော့ချ လိုက်ပြီးမှ ပုံကို ကြည့်လိုက်မိပါတယ်။
"ဟင်။"
ဒါ ဖြစ်နိုင်ရဲ့လား။ ဒီလောက် မိန်းမဆန်နေတဲ့ (Transgender) တစ်ယောက်လို နေထိုင်တဲ့ ကောင်လေးက ဒီလောက်လက်သံပြောင်နေတာ။ သနပ်ခါးလိမ်းထား ပုံလေးတွေ၊ ပုခုံးကျော်ရုံ ဆံပင်လေးကို စီးထားပုံလေးတွေ ပုဆိုးကို ထမိန်လို ဘေးစောင်းလေး ဝတ်ထားပုံတွေ၊ ရှပ်အင်ကျီခပ်ပွပွကို အပြင်ထုတ်ပြီး ဝတ်ထားပုံတွေ။ ပြီးတော့ အသုပ်သုပ်နေတဲ့ ပုံလေးတွေကို ကြည့်ရင်းက ပုံကုန်သွားလိုက် အစက ပြန်ကြည့်လိုက်နဲ့ အကြိမ်ကြိမ်ကြည့်လို့ နေမိပါတယ်။ ခနနေတော့မှ မိမိကိုယ်ကိုယ် သတိထားမိကာ တဟားဟားထရယ် လိုက်ပါတော့တယ်။
............................................
ဆိုင်ရှေ့ကို ထိုးရပ်လာတဲ့ ကားသုံးစီး။ မောင်းလာတာကလဲ ခပ်ကြမ်းကြမ်းမို့ စိမ့်မော့ကြည့်လိုက်မိပါတယ်။ စိမ့်ဘေးမှာ ကပ်ပြီး ထိုင်နေတဲ့ မျိုးသက်ကလဲ လှမ်းကြည့်လိုက်ပါတယ်။ ရှေ့နဲ့ နောက်က Double Cap ပေါ်မှ ဆင်းလာတဲ့ ကောင်တွေ ရုပ်ရည်ကြည့်လိုက်တာနဲ့ လူမိုက်ပုံတေ ဆိုတာ သိသာနေတာမျိုး။ အလည်က ကားအနက်ကြီးက မှန်တွေပိတ်ထားကာ တစ်ယောက်မှ ဆင်းမလာသေး။ မျိုးသက် စိမ့် လက်ကို အသာ စုပ်ကိုင်လိုက်တော့ စိမ့် အသာပဲ ခေါင်းငြိမ့် ပြလိုက်ပါတယ်။ ဆုမွန်က အိမ်ပြန်သွားတာမို့ ဆိုင်မှာ ရှိမနေပါဘူး။
YOU ARE READING
Seint (စိမ့်) << Completed >>
ActionLadyboy လေးကို ပြိုင်ကြိုက်ကြတဲ့ Seme နှစ်ယောက်။ လုံးဝမတည့်ရာကနေ ဘယ်လိုတွေ ချစ်သွားကြမှာလဲ? လူဆိုးဂိုဏ်းခေါင်းဆောင် တစ်ယောက်၊ ကြောက်တက်တဲ့ ဂျပန်ကို ထွက်ဖို့ကြိုးစားနေတဲ့ ကောင်လေး တစ်ယောက်၊ အဖိုးဖြစ်သူက ပျော့နွဲ့လို့ တိုက်ကွမ်ဒို၊ မြန်မာသိုင်း အားလု...