12

1K 66 3
                                    


စိမ့်။


အပိုင်း (၁၂)


“ဒါဆို သူမသေသေးတာ များလား အစ်ကို။”

“ဟုတ်လောက်တယ် စိမ့်။ သူ့အိမ်ကို လိုက်သွားချင်လား။”

စိမ့် သက်ပြင်းကို အသာချရင်း ခေါင်းကိုခါပြလိုက်ပါတယ်။ ပြီးတော့မှ

“နေပါစေတော့ အစ်ကိုရယ်။ သူအဆင်ပြေမှာပါ။”

မော်ကျူရီထဲကနေ ပြန်ထွက်လာပြီး အဖိုးရှိရာသို့ အပြန်လမ်းမှာ မျိုးသက်က

“ဟိုသစ်ပင်ရိပ်အောက်က ခုံတန်းလေးမှာ ခနထိုင်နားလိုက်ပါလား စိမ့်။”

စိမ့်ခေါင်းကို အသာငြိမ့်ပြလိုက်ရင်း ခုံတန်းလေးစီကို နှစ်ယောက်သားသွားကာ ထိုင်လိုက်ကြပါတယ်။ မျိုးသက်ကို စိမ့်လှည့်ကြည့်လိုက်ပြီး

“အစ်ကို လေယာဉ်က ဘယ်အချိန်လဲ။ ဒီနေ့ သွားရမှာ မဟုတ်လား။”

စိမ့် စကားကြောင့် မျိုးသက် မချိပြုံးလေး ပြုံးလိုက်ရင်းက

“လေယာဉ်က Cancel ဖြစ်သွားလို့ စိမ့်ရဲ့။”

“ဟင် ဟုတ်လား။ အဲဒါဆို ဘယ်နေ့ သွားရမှာလဲ။”

“မသိသေးပါဘူး စိမ့်ရယ်။”

မျိုးသက် အသံလေး တိုးညင်းသွားတာ စိမ့် သတိထားလိုက် မိပါတယ်။ အစ်ကို စိမ့်စီများ တမင်ပြန်လာတာလား အစ်ကိုရယ်။ စိ်မ့်ကြောင့် အစ်ကို့ကို ဒုက္ခ မရောက်စေချင်ဘူး။ စိမ့်ကြောင့်သာ အစ်ကို ပြန်လှည့်လာတာ ဆိုရင်တော့ စိမ့် အရမ်းကို အားနာမိမှာပါ။ နောက်ပြီး အစ်ကိုအရမ်းသွား ချင်တာလို့ ပြောခဲ့ တဲ့ ဂျပန်သွားမယ့် အခွင့် အရေး ထက် စိမ့်ကို ဦးစားပေးလိုက်တာများလား။ ဒါဆို အစ်ကိုက စိမ့်ကို ဟင်။ စိမ့် ရင်တွေ တဒိန်းဒိန်းနဲ့ ခုန်လို့ သွားရပါတော့တယ်။ စိမ့် အစ်ကို မျက်နှာကို ငေးကြည့်နေတာမို့

“ဘာတွေများ ဒီလောက်ကြည့်နေရတာလဲ စိမ့်ရ။ ကို မနေတက်တော့ဘူး ဟီး။”

စပ်ဖြီးဖြီးလေးနဲ့ ပြောလာတဲ့ မျိုးသက်ကို စိမ့် ခေါင်းသာခါပြ လိုက်ပါတယ်။ အစ်ကို ဖွင့်ပြောမှာ မဟုတ်ဘူးဆိုတာ စိမ့်သိပါတယ်။ ဒါပေမယ့်စိမ့်ကို ဒီလောက် ဂရုစိုက်ပေးတာနဲ့ တင် စိမ့်ကျေနပ်ပါပြီ အစ်ကိုရယ်။

Seint (စိမ့်) << Completed >>Donde viven las historias. Descúbrelo ahora