TAINIC
Part 2မနက်စောစော ဘူခါရက်စ်ကနေ ကားငှားပြီး ထရန်စေလ်ဗေးနီးယားကို စထွက်လာခဲ့သည်။ ဂျောင်ဆူးနှင့်အတူ မာရီယာ၊ ဒိုရင်၊ အန်ဒရူးအပြင် မိတ်ဆွေအသစ် ပေါလ် လည်းပါဝင်သည်။ ခရီးထွက်ရင်း နာရီပိုင်းလောက်ကြာလာတာနှင့်အမျှ ပေါလ်ကို မိတ်ဆွေအသစ်အဖြစ် လက်ခံခေါ်လာမိခြင်းကို ဂျောင်ဆူး သဘောကျလာမိသည်။ အစစအရာရာ သေချာပြင်ဆင်တတ်သည့် ပေါလ်ရဲ့အကျင့်ကို သူသဘောကျလာသည်။သူတို့အတူတူသွားကြမည့် ဘုရားကျောင်းနေရာအကြောင်းနှင့်တကွ ထိုနေရာ၏ ရာသီဥတုနှင့် လိုအပ်ချက်အချို့ကိုပါ သူက ကြိုတင်လေ့လာပြီး သေချာပြင်ဆင်လာခဲ့သေးသည်။
လေးနာရီ ကျော်၊ ငါးနာရီ နီးပါး ကားစီးပြီးနောက် သူတို့ကားလေးက ထရန်စေလ်ဗေးနီးယား မြို့ထဲကို စဝင်လာပြီဖြစ်သည်။ ဘူခါရက်စ်ထက် ရာသီဥတု ပိုမိုသိပ်သည်းပြီး အုံ့အုံ့ဆိုင်းဆိုင်းရှိနေသောကြောင့် အအေးသိပ်မခံနိုင်တဲ့ ဂျောင်ဆူးက ခြုံစောင်တစ်ထည်ကို ကိုယ်ပေါ်ဆွဲပတ်လိုက်သည်။
"ငါတို့ ဒီနေ့တော့ မြို့ထဲမှာပဲ တည်းလိုက်ကြရအောင်"
မာရီယာရဲ့ အကြံပြုချက်ကို သူတို့အကုန်လက်ခံလိုက်ပြီး ကားဆရာကို နီးစပ်ရာ မိုတယ်တစ်ခုသို့ မောင်းရန်သာ ပြောလိုက်သည်။ မြို့ထဲက ဈေးအတော်အသင့်သက်သာပြီး သပ်ရပ်သော မိုတယ်တစ်ခုတွင် အခန်းယူလိုက်ပြီးနောက် လိုက်ပို့သည့် ကားဆရာက ပြန်ထွက်သွားသည်။ နှစ်ယောက်ခန်း ၂ ခန်းနှင့် မာရီယာအတွက် သီးသန့်အခန်းယူလိုက်ပြီး တစ်နာရီလောက်ကြာမှ မိုတယ်ရှေ့တွင် ပြန်ဆုံကြရန် ချိန်းလိုက်သည်။
ဒိုရင်နှင့် အန်ဒရူးက တစ်ခန်း၊ ဂျောင်ဆူးနှင့် ပေါလ်က တစ်ခန်း နေရာယူလိုက်ပြီးနောက် အပြင်မထွက်ခင် ခဏအနားယူကြသည်။
ဂျောင်ဆူး က မျက်နှာသစ် ခြေလက် ဆေးလိုက်ပြီး အိပ်ယာပေါ် ခဏလှဲချလိုက်ပေမဲ့ ပေါလ်ကတော့ သူ့လက်ထဲက ခပ်ထူထူစာအုပ်တစ်ခုကိုသာ အသည်းအသန် ဖတ်လို့နေသည်။ အနားယူမလို့လုပ်နေတဲ့ ဂျောင်ဆူးလည်း ပေါလ် ဖတ်နေတဲ့စာအုပ်ကို တဖြည်းဖြည်း စိတ်ဝင်စားလာသောကြောင့် အိပ်ယာပေါ်မှ ပြန်ထထိုင်ကာ ပေါလ်ရှိနေသည့်ဘက်သို့ မျက်နှာချင်းဆိုင်လိုက်သည်။

YOU ARE READING
T A I N I C
Fanfictionမင်း...ကိုယ့်အကြောင်းကို သိလာလေ မင်းက ကိုယ်နဲ့ ပိုနီးစပ်လာလေပဲ 🖤 မင်း...ကိုယ့်အကြောင်းကို သိလာလေ မင်းက ကိုယ်နဲ့ ပိုနီးစပ်လာလေပဲ 🖤 Park Chanyeol X Doh Kyungsoo Unicode + Zawgyi ✨