TAINIC
Part 4မနက်စောစော အသင့်စား ခေါက်ဆွဲထုတ်များကို ချက်ပြုတ်စားပြီးနောက် ဂျောင်ဆူးတို့လေ့လာမည့် ဘုရားကျောင်းများရှိရာသို့ စထွက်လာခဲ့ကြသည်။ ညကတည်းက ပြင်ဆင်ထားသည့် ပစ္စည်းများကို စုံမစုံ သေချာစစ်ဆေးပြီးမှ နယ်ခံစီစဉ်ပေးထားသည့်ကားနှင့် ထွက်လာခဲ့ကြသည်။
နေရောင်သေချာမမြင်ရသေးဘဲမြူအချို့ဆိုင်းနေသေးသည့်အချိန်ဖြစ်သောကြောင့် ပတ်ဝန်းကျင်ကိုသေချာမမြင်ရ။ ဒီနေရာက ရှေးဟောင်းလက်ရာများပြားသည့်နေရာမို့ ရှေးအဆောက်အဦများကိုသာ ကျို့တို့ ကျဲတဲမြင်ရသည်။ ကားလမ်းဘေး တစ်လျှောက်မှာတော့ အုပ်ဆိုင်းနေသည့် သစ်ပင်များကိုအစီအရီတွေ့ရသည်။
ဂျောင်ဆူးက ပတ်ဝန်းကျင်ကို စိတ်ဝင်စားသူမို့ ခရီးတစ်လျှောက်လုံး ဘေးဘီကို ငေးလျက်သာ လိုက်ပါလာသည်။ မာရီယာနှင့် ပေါလ်ကတော့ စကားလက်ဆုံကျလျက်ရှိပြီး အန်ဒရူးက နားကြပ်တပ်ကာ သီချင်းနားထောင်နေသည်။ ဒိုရင်ကတော့ ကားပေါ်စတက်ကတည်းက နေရာသေသေချာချာယူပြီး အိပ်ပျော်နေပြီဖြစ်သည်။
သူတို့သွားချင်သည့် ဘုရားကျောင်းတွေစုထားသည့် ရွာအဝင်ရောက်တော့ အဝင်ဝနားမှာတင် ကားကို ရပ်လိုက်ရသည်။ အတွင်းထဲကို မည်သည့်ယာဉ်မှ စီးနင်းဝင်ခွင့်ပြုမထားသောကြောင့် လိုအပ်သမျှ ပစ္စည်းများကို သေချာယူကာ လမ်းလျှောက်လျက် ဝင်ခဲ့ကြသည်။ ကားကတော့ သူတို့ပြန်သည့်အချိန်အထိ အဝင်ဝမှာပင် စောင့်နေပေးမှာဖြစ်သည်။
အိပ်ရေးဝသွားပြီဖြစ်တဲ့ ဒိုရင်က ကင်မရာတစ်လုံးကိုကိုင်ကာ သူတို့ရဲ့လှုပ်ရှားမှုတိုင်းကို မှတ်တမ်းတင်နေသည်။
"ဘုရားကျောင်းထဲရောက်ရင် ကင်မရာ မီးတွေမဖွင့်ကြနဲ့နော်
ရသလောက်ပဲ မှတ်တမ်းတင်ကြမယ်"ပေါလ်က ရှေ့ကနေဦးဆောင်ဝင်သွားပြီး ဂျောင်ဆူးတို့က နောက်ကနေ ဖြည်းဖြည်းချင်းလိုက်ခဲ့ကြသည်။ ဘုရားကျောင်းငယ်များစွာကျော်ဖြတ်ပြီးနောက် ကြီးမားပြီး အိုဟောင်းနေသည့် ဘုရားကျောင်းကြီးက ထီးထီးကြီး ဆီးကြိုလျက်ရှိသည်။ အလွန်အမင်းအိုဟောင်းနေပြီဖြစ်သော်လည်း ထိုသို့ အိုမင်းရှေးကျနေမှုကပင် ထိုဘုရားကျောင်းကြီး၏ ဆွဲတောင်မှုတစ်ခုဖြစ်သည်။
အဘက်ဘက်ကနေ ပုံပေါင်းများစွာ ရိုက်ယူပြီးနောက် သူတို့အတွင်းထဲကို ဝင်လေ့လာကြသည်။
ESTÁS LEYENDO
T A I N I C
Fanficမင်း...ကိုယ့်အကြောင်းကို သိလာလေ မင်းက ကိုယ်နဲ့ ပိုနီးစပ်လာလေပဲ 🖤 မင်း...ကိုယ့်အကြောင်းကို သိလာလေ မင်းက ကိုယ်နဲ့ ပိုနီးစပ်လာလေပဲ 🖤 Park Chanyeol X Doh Kyungsoo Unicode + Zawgyi ✨