>> 7နှစ်ကြာပြီးနောက် >>
// 2017 //
တိတ်ဆိတ်နေတဲ့ ရပ်ကွက်လေးရဲ့ သရုပ်မှန်က
လူမနေတဲ့ အိမ်ဟောင်းတွေ ၊ ဂိုဒေါင်တွေကြည့်ပြည့်နေခြင်းဖြစ်သည်။ စက်ပစ္စည်း အစုတ်အပြတ်တွေ ထားတဲ့ ဂိုဒေါင်သဖွယ် ပျဉ်အိမ်လေးဆီမှ ရန်ဖြစ်သကဲ့သို့ အသံခပ်ကျယ်ကျယ် ထွက်လာ၏။* မင်းကသေပြီးသား *
*ဟင့်အင်း မဟုတ်ဘူး *
*ပစ္စည်းတွေကို လျှောက်ကိုင်နေလဲ
မင်းထိတွေ့လို့ရမှာမဟုတ်ဘူး**No!*
*မင်းတစ်ခုခုကို ထိတွေ့ချင်ရင် အာရုံစိုက်ထားမှ
ရမယ်။ မင်းရဲ့စိတ်အလုံးစုံကို မင်းထိတွေ့ချင်တဲ့အရာပေါ်မှာ အာရုံစိုက် ** ငါမလုပ်နိုင်ဘူး ဖြစ်နေတယ် *
*မင်းလုပ်နိုင်ပါတယ်*
ရှောင်းကျန့် ထိုဇာတ်ကားကို စကြည့်မိတဲ့နေ့ကစပြီးထပ်ခါတလဲလဲကြည့်နေခဲ့သည်မှာ အကြိမ်ပေါင်းမနည်းတော့ပေ။ ထိုဇာတ်ကားကို ကြည့်ရင်း သူလဲ လိုက်ကြိုးစားနေခဲ့သည်မှာအကြိမ်ပေါင်း မနည်းခဲ့တော့။
* ငါလုပ်နိုင်ပြီ !*
ဇာတ်ကားထဲက ဇာတ်လိုက်ဟာ ပစ္စည်းကို ထိနိုင်သွားခဲ့သော်လည်း ရှောင်းကျန့်က သူထိတွေ့ချင်နေတဲ့ စန္ဒယား ခလုတ်ခုံတွေကို မထိတွေ့နိုင်သေးပါ။
ထိုအချိန် ထမြည်လာတဲ့ သူ့ရဲ့နာရီက သူ့ရဲ့အလုပ်ချိန် ရောက်ပြီဖြစ်ကြောင်း သတိပေးတယ်။ ရှောင်းကျန့် က စိတ်ပျက်စွာနဲ့ဘဲ စန္ဒယားရှေ့ကခုံကနေ ပျင်းတိပျင်းရွဲထလို့ Hoodie အနက်ကို ဝတ်ဆင်လိုက်တယ်။ သူတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ နာရီကိုလဲ ဝတ်ဆင်တယ်။
ပြီးတော့သူ အရင်ဘဝကနေသယ်ဆောင်လာနိုင်ခဲ့တဲ့နားကြပ်ဖြူလေးကိုလဲ မပါမဖြစ်
လည်ပင်းမှာချိတ်လိုက်တယ်။စက်အစုတ်တွေထားတဲ့ဂိုဒေါင်ဖြစ်နေပေမဲ့ သူ့အတွက်ကတော့အိမ်ပေါ့။အိမ်အပြင် ထွက်ခံနီး ထောင်ထားတဲ့ ကိုယ်လုံးပေါ်မှန်အစုတ်ကို တစ်ချက်ကြည့်လိုက်တယ်။ မှန်မျက်နှာပြင်မှာ သူ့ပုံရိပ်ပေါ်မလာဘဲ ဗြောင်ရှင်းကြီးဖြစ်နေခဲ့ပေမဲ့ ဆံပင်ကိုတစ်ချက်သတ်လို့ ထွက်လာခဲ့တယ်။
YOU ARE READING
Love From Two Worlds
Fantasyသေဆုံးခြင်းက ကြောက်ဖို့ကောင်းတယ်...။ အထူးသဖြင့် မင်းကို တွေ့ချင်တဲ့ ဆန္ဒလေး မပြည့်ဝခင် သေဆုံးခြင်းက ပိုလို့ခြောက်ခြားဖွယ်။ _ Xiao Zhan _