_ဝမ်ရိပေါ် မင်းကိုအမြဲ အားပေးနေမယ် _
ဝမ်ရိပေါ်စန္ဒယားတီးလေ့ကျင့်နေတဲ့ အခန်းက မှန်တံခါးဖြစ်တာကြောင့် အပြင်ဘက်က Fan girlတွေကအတိုင်းသားမြင်ရသည်။ ခေါင်းပေါ်မှာ ဝမ်ရိပေါ် နာမည်ပါတဲ့ဘီးစကုတ်တွေ စာတန်းဗီနိုင်းတွေ ကို ကိုင်ထားကြရင်း အော်ဟစ်ကာ ကြည့်နေကြ၏။
ရှောင်းကျန့်ရဲ့ စက်ဘီးကလေးက ထိုအရှေ့မှာ ထိုးရပ်တယ် ။ စက်ဘီးဒေါက်ကို ထောက်လိုက်ပြီးတာနဲ့ Fan girlတွေနဲ့ အနည်းငယ် လှမ်းတဲ့နေရာမှာ မတ်တပ်ရပ်ကြည့်တယ် ။
"အား ဝမ်ရိပေါ်က အသံတင်ကောင်းတာမဟုတ်ဘဲ
မျက်နှာက တကယ်ကို ချောလွန်းတယ် ""နင်က ရောက်တောင်နေပြီဘဲ"
"အာ ခိစု နောက်ကြနေတာလား"
ရှောင်းကျန့်က သူ့ဘေးနားလာရပ်တဲ့ သရဲမလေးကို မျက်လုံးတွေမှိတ်တဲ့ အထိရယ်ပြတယ်။
ကျင်းကော်ပြီးရင် ခိစု ဆိုတဲ့ ဂျပန်နာမည်နဲ့ ဒီဝိဉာဉ်မလေးက ရှောင်းကျန့်ရဲ့ သူငယ်ချင်းနောက်တစ်ယောက်ပေါ့ ။ခိစုက လဲ ဝမ်ရိပေါ် Fanဖြစ်တာကြောင့် သူတို့နှစ်ယောက်က ခင်မင်မိကြခြင်းဖြစ်သည်။ ဝိဉာဉ်ဆိုတာ မကျွတ်လွတ်တဲ့ ပြိတ္တာတစ်မျိုးဘဲ ။ တစ်ခုခုကိုစွဲလန်း၍ ဖြစ်စေ၊ လုပ်ဆောင်ရမယ့် အရာတစ်ခုရှိနေသေးတာကြောင့် မကျွတ်လွှတ်နိုင်တဲ့ ဝိဉာဉ်။
ဒီကောင်မလေးကတော့ ဘာကြောင့် မကျွတ်လွတ်သေးလဲ။ကာကယံရှင်ဖြစ်တဲ့ ခိစုကိုယ်တိုင်တောင်မသိတဲ့ကိစ္စကို ရှောင်းကျန့်လဲအကျယ်တဝင့် မတွေးဖြစ်တော့ပါ ။
ခိစုက လက်ထဲမှာ ကိုင်လာတဲ့ Light stickလေးကိုလှုပ်ရမ်းလို့ ဝမ်ရိပေါ်ကိုကြည့်တယ်။
" ဝမ်ရိပေါ် က တကယ်သေရတော့မှာလား ။
အများကြီး စိတ်မကောင်းဖြစ်ရတော့မှာဘဲ""အခေါ်ခံရတယ်ဘဲထားအုန်း
အကြောင်းရင်းမရှိဘဲဘာဖြစ်လို့ သေရမှာလဲ "ခိစုရဲ့စကားကို ရှောင်းကျန့်က ပက်ကနဲပြန်ပြောသည်။ စီနီယာတွေ တင်မဟုတ်ဘဲ ခိစုတို့လို ဝိဉာဉ်တွေပါ ဒီအကြောင်းကိုသိနေကြတာပဲ။ တကယ်ဘဲ
ဒီ လောက,က လူ့လောကထက်တောင်
ပိုရှုပ်ထွေးလွန်းတယ်။
YOU ARE READING
Love From Two Worlds
Fantasiaသေဆုံးခြင်းက ကြောက်ဖို့ကောင်းတယ်...။ အထူးသဖြင့် မင်းကို တွေ့ချင်တဲ့ ဆန္ဒလေး မပြည့်ဝခင် သေဆုံးခြင်းက ပိုလို့ခြောက်ခြားဖွယ်။ _ Xiao Zhan _