° ဝမ်ရိပေါ် ° 00:00min
"နောက်ဆုံးတော့ ဒီအချိန်ရောက်လာပြီ ။
သွားကြရအောင် "အနက်ရောင်ကားလေးဟာ တရွေ့ရွေ့နဲ့ အထက်သို့သွားမည့် လှိုဏ်ဂူထဲကို ဖြတ်သန်းလာတယ်။
ဝတ်စုံအမည်းနဲ့ သေမင်းတမာန်က ကားဆီမှ
ဝမ်ရိပေါ်ရဲ့ အခုလတ်တလော ထွက်ထားတဲ့
သီချင်းအသစ် ။ သေမင်းတမာန်ရဲ့ မျက်နှာက ပြုံးဖြီးနေသည်။"ဝမ်ရိပေါ်ရဲ့ ပရိတ်သတ် ပါ ။ အခုလို ခရီးကို ပို့ဆောင်ခွင့်ရတဲ့အတွက် အရမ်းကို ပီတိဖြစ်မိပါတယ်။ တောင်းပန်ပါတယ် သေဆုံးသူရှေ့မှာ မရယ်သင့်ပေမဲ့ အရမ်း ပျော်မိလို့ပါ"
စီနီယာရှောင်းကျန့် အတွက်တော့ စိတ်မကောင်းပါဘူး။ အထက်က အလိုရှိနေတဲ့ ဝမ်ရိပေါ်ကို ပို့ဆောင်နိုင်တဲ့သူ့အတွက် ဆုတံဆိပ်ခပ်ကြီးကြီးကစောင့်မျှော်နေတော့မည်။
"ဝမ်ရိပေါ် အန်နေတာလား ။ ကျွန်တော့်ကား
အသစ်လေးပေါ်...ရပါတယ် နောက်မှသန့်ရှင်းရေးလုပ်လိုက်မယ် "ဦးထုပ်ငိုက်စိုက်ဆောင်းထားတဲ့ ဝမ်ရိပေါ်က ခေါင်းပင်မထောင်နိုင် အန်ချရင်း အထက်သို့ လိုက်ပါခဲ့ရချေပြီ။
______________
" တောင်းပန်ပါတယ် ။ နောက်ခါဒီလိုအလွဲမျိုးမရှိအောင် ဆင်ခြင်ပါ့မယ်။ ဟုတ်ကဲ့... ပထမဆုံးနှင်းကျတဲ့အချိန်ထိ ခေါ်ဆောင်ခွင့်ရှိသေးတာမို့ စိတ်မပူပါနဲ့ ။ ကောင်းပါပြီ "
မန်နေဂျာရှင်းက ရိပေါ်ကို ပို့ဆောင်နိုင်သွားပြီထင်တဲ့ သေမင်း ကို ရယ်လို့ကြည့်တယ် ။
"သိပ်တော်တယ် "
" မဖြစ်နိုင်တာ ။ ကျွန်တော့်နာရီမှာ ဝမ်ရိပေါ်လို့ သေချာပေါက်ပေါ်လာပြီးမို့ သွားခေါ်ခဲ့တာ "
"အဲ့တာနဲ့ပဲ တစ်ယောက်တည်း လောဘတက်ပြီး
မျက်နှာ မစစ်ဆေးဘဲ အထက်ကိုတန်းပို့ပေးလိုက်တာပေါ့ ။ ဝမ်ရိပေါ်လို လူကို မင်းမမြင်ဖူးတာလား""သေချာပေါက်..."
"တော်တော့ သွားတော့ နောက်ခါထပ်မဖြစ်စေနဲ့"
ခါးကိုညွှတ်လို့ မကျေမနပ်ရေရွတ်ထွက်သွားတဲ့ သေမင်းနောက်မှာ ခပ်ကုပ်ကုပ်ဝင်လာတဲ့ ရှောင်းကျန့်က ဇီးရွက်သာသာ မျက်နှာလေးနှင့် ။
![](https://img.wattpad.com/cover/332893023-288-k682825.jpg)
YOU ARE READING
Love From Two Worlds
Fantasyသေဆုံးခြင်းက ကြောက်ဖို့ကောင်းတယ်...။ အထူးသဖြင့် မင်းကို တွေ့ချင်တဲ့ ဆန္ဒလေး မပြည့်ဝခင် သေဆုံးခြင်းက ပိုလို့ခြောက်ခြားဖွယ်။ _ Xiao Zhan _