•6•နာရီတိတိမှာ ထမြည်တဲ့ Alarm သံကြောင့်
ဝမ်ရိပေါ်က ဆက်ခနဲထလို့ထိုင်သည်။
ပြီးတော့ ပြုံးသည်။
အင်း ..သူမလုပ်ဖူးတာအကုန်လုပ်ချင်စိတ်
ဖြစ်တဲ့နေ့တစ်နေ့။အရင်နေ့များနေ့မတူညီစွာ ဝမ်ရိပေါ်တစ်ယောက် ဤနေ့ တက်ကြွလို့နေပါသည်။ သူ့ရဲ့နားနေခန်းထဲမှာ
အရင်ဆုံး သူ လုံးဝမထိတွေ့ဖူးတဲ့ ခေါက်ဆွဲ ချောကလက် စသည့် စသည့် အစားအစာများကို
ဖန်စစ်အားဝယ်ခိုင်းပြီးစားသည်။ဖန်စစ်က သူ့ဘေးနားမှာငုတ်တုတ်ကလေးထိုင်ကာ အံ့ဩတကြီး ကြည့်လို့နေ၏။ပူပူလောင်လောင် ခေါက်ဆွဲအလုတ်ကြီးကြီးတစ်လုတ်ကို အမျှင်မဖြတ်ပဲပါးစပ်ထဲအရင်ထည့်လိုက်တယ် ။
"အား ဒီအရသာပဲ "
ခေါက်ဆွဲဗူးကိုဘေးချလို့ သူ့ကိုကြည့်နေတဲ့ဖန်စစ်ဘက်ကိုလှည့်ထိုင်လိုက်တယ် ။
"အမြဲတမ်း ကျေးဇူးတင်နေခဲ့ပါတယ်"
မူမမှန်တဲ့ ရိပေါ်ကြောင့် ဖန်စစ်မှာ မျက်ရည်ကလေးတောင်ဝိုင်းချင်နေပြီ။ ရိပေါ်က ဖန်စစ်ပခုံးကို ပုတ်လို့ ထပ်ပြောတယ် ။
"လိုင်းပေါ်မှာပျံ့နေတဲ့ Haterတွေကို တရားစွဲခိုင်းထားတာ မလုပ်နဲ့တော့ ။ "
ဖန်စစ်က ခေါင်းကို ပြုတ်ထွက်မတက်ခါယမ်းတယ်။
"ရိပေါ် ဘာတွေပြောနေတာလဲ ။ သေတော့မဲ့လူလိုမျိုး နှုတ်ဆက်စကားဆိုနေသလိုမျိုးတွေမပြောစမ်းနဲ့"
ဖန်စစ်က အနည်းငယ်အော်ပြောရင်း ထထွက်သွားသည်။ ဝမ်ရိပေါ်က ခေါင်းကို ခါလို့ယမ်းကာ ပြုံးသည်။
ဖန်စစ်ထွက်သွားတာကို လိုက်ကြည့်နေတဲ့ သေမင်းလေးတစ်ယောက်ကတော့ မျက်ရည်တွေဝေ့သီလို့နေခဲ့သည်။ ဒီနေ့သူ့ကလေးလေးက အရမ်းကို ထူးဆန်းလွန်းတယ်။
~ တီ ~ တုန်မြည်လာတဲ့ ဖုန်းကိုဖွင့်ကြည့်မိတော့ မန်နေဂျာ ရှင်း ဆီကဖြစ်သည်။
/ အခုဌာနကို လာခဲ့ /
ရှောင်းကျန့်က ငိုမဲ့မဲ့ဖြင့်ဖုန်းကိုပိတ်ပြီး သူ့ကလေးလေးကို တစ်ချက်ကြည့်လို့ပျောက်ကွယ်သွားတယ် ။
YOU ARE READING
Love From Two Worlds
Fantasyသေဆုံးခြင်းက ကြောက်ဖို့ကောင်းတယ်...။ အထူးသဖြင့် မင်းကို တွေ့ချင်တဲ့ ဆန္ဒလေး မပြည့်ဝခင် သေဆုံးခြင်းက ပိုလို့ခြောက်ခြားဖွယ်။ _ Xiao Zhan _