part 13

3.1K 170 0
                                    

မြတ်နိုးခြင်း...ရိပ်မြုံ
အပိုင်း(၁၃)
ကားပေါ်ကနေ လမ်းတဖက်တချက်က ချယ်ရီပင်တွေရယ်။လူသွားလမ်းပေါ်က လူတွေရယ်။လမ်းဘေးက ကြော်ငြာဆိုင်းဘုတ်တွေရယ်၊လမ်းဘေး ဆိုင်တန်းတွေ၊လမ်းဘေးအဆောက်အအုံတွေရယ်ကို ကြည့်ရတာကို ယူရီသဘောကျ‌သည်။

ဟော.......ခုမှ သတိရသည် သားအတွက် မျက်နှာလိမ်း ခရင်မ်ဗူးလေးက ကုန်လုလုဖြစ်နေတာကို ဒီနေ့မနက်တုန်းက သားကို လိမ်းပေးရင်း သတိထားမိခဲ့သည်။သွားရင်း လာရင်း တခါတည်း ဝင်ဝယ် လိုက်ဦးမှလို့ ယူရီစဉ်းစားလိုက်သည်။တခါတည်း တခြား လိုအပ်တာလေးတွေပါ ဝင်ဝယ်ရမည်။

ကိုကိုတို့ ဆိုင်ကို မရောက်ခင် မှာ ဘေဘီမားကပ်လေး တခုရှိနေတာကို မြင်ဖူးသည်။အခုတလော ယူရီက သူ့ကို စောင့်ကြည့်နေတတ်သည့်ကောင်မလေးရောင်းသည့်  လမ်းထိပ်က စတိုးဆိုင်ကိုလည်း သိပ်မသွားချင်ပေ။မသွားဖြစ်ခဲ့။

"ရပြီ အကို ဒီရှေ့မှာ ရပ်လိုက်ပါ"

ယူရီ့စကားကြောင့် တက္ကစီ‌ယာဉ်မောင်းဆရာက ကားကို ရပ်ပေးသည်။ယူရီလည်း ဘေဘီ မားကပ်လေးထဲသို့ ဝင်ခဲ့လေသည်။

သားအတွက် လိုအပ်တာလေးတွေ ဟိုဟိုဒီဒီ ဝယ်လာခဲ့မိသည်။ဒီကနေဆို ကိုကို့ဆိုင်က သိပ်မဝေးတော့ ။ယူရီတယောက် လမ်းလျှောက်သွားလျှင်ပင် ခဏလေးနဲ့ ရောက်သွားနိုင်လေသည်။
အိတ်ထုပ်တွေကို လက်တဖက်နှင့်ဆွဲကာ ။‌ေဘးလွယ်အိတ်ကိုလည်း ပခုံးနောက်တဖက်မှာ ချိတ်ကာ ယူရီ လူလျှောက်လမ်းလေး အတိုင်း လမ်းလျှောက်လာခဲ့သည်။

လူသွားလမ်းတလျှောက်လုံး ချယ်ရီပင်ကြီးကြီးတွေက အုပ်မိုးထားပေးတာမို့ နေပူနေပေမယ့် သစ်ပင်အရိပ်ရသည်။
အေးအေးချမ်းချမ်းလေး ရှိတာမို့ လမ်းလျှောက်ရတာကို ယူရီ သဘောကျနေမိသည်။

"အို"

"ဟင်"

"ဟာ ဆောရီးနော်အကို မတော်တဆပါ"

မျက်နှာချင်းဆိုင်မှာ လာနေသည့် အထက်တန်းကျောင်းသားအရွယ်ကောင်လေးတယောက်နှင့် ဝင်တိုက်မိတာ ဖြစ်သည်။

အရှိန်သိပ်မပြင်းပေမယ့် ယူရီကတော့ ယိုင်သွားသည်။ယိုင်သွားသည့်အပြင် တော်တော်ကို မူးဝေသွားသည်။မျက်လုံးထဲတွင် မှောင်နေသည်။

မြတ်နိုးခြင်းရိပ်မြုံ🔞(BL Fiction)Where stories live. Discover now