part 17

3.4K 156 0
                                    

မြတ်နိုးခြင်း...ရိပ်မြုံ(BL Fiction)
အပိုင်း(၁၇)
အစည်းအဝေး ခန်းမ ထဲက တိုက်ပွဲက ယူရီ ထင်ထားတာထက်ပင် ပိုပြီး ပြင်းထန်သည်။ဥက္ကဌကြီးက ယူရီ့အမေဆိုပေမယ့် ယူရီ့မှာ အမေဖြစ်သူနှင့်ပင် စကားလေး တီးတိုးပြောခွင့်မရခဲ့ပေ။

အစည်းအဝေး အ ‌ေကြာင်းအရာက
ယူရီ့ကို ကုမ္ပဏီ၌ အရေးပါသော နေရာ တနေရာပေးရန် ဥက္ကဌကြီးက ဒါရိုက်တာတွေကို အသိပေးတာသာ ဖြစ်ပေမယ့် ကန့်ကွက်အဆိုတင်သွင်းသူတွေလည်း အများအပြား ရှိသည်။ကန့်ကွက်ရသည့် အကြောင်းအရင်းက ယူရီသည် အမျိုးသားတွေကိုသာ စိတ်ဝင်စားသည့် ဂေး တယောက်ဖြစ်နေလို့ ဟု ဆိုကြသည်။

ဒီလိုကန့်ကွက်ကြသည့် စကားတွေကြောင့် ယူရီ  ့အတိတ်ကို ယူရီ ပိုပြီး
နားလည်လာရသည်။ဒါဆို ယူရီက
ငယ်စဥ်တုန်းကတည်းက အမျိုးသားတွေကို သဘောကျခဲ့တာဖြစ်မည်။

အစည်းအဝေးခန်းမထဲကို ရောက်မှ အရင်ဥက္ကဌကြီး၏ ‌ဒုတိယဇနီးကမွေးသည့် ယူရီ့ရဲ့အဖေတူအမေကွဲ ညီဆိုသူကို မြင်ဖူးခဲ့ရသည်။ညီအကိုဆိုပေမယ့် ယူရီကတော့ အတိတ်မေ့နေလို့ ဖြစ်ပြီး သူကတော့ ဘာကြောင့်မှန်းမသိ အချင်းချင်း စိမ်းလွန်းသည့် အငွေ့အသက်ကို ခံစားရသည်။

နောက်ဆုံး မဲခွဲ ဆုံးဖြတ်ပြီးသည့် အခါမှာတော့ ယူရီတို့ဘက်ကသာ အနိုင်ရခဲ့ကြလေသည်။အခုဆို ယူရီက ကုမ္ပဏီ၏ အရောင်းဌာန၌ မန်နေဂျာချုပ်ဖြစ်လာသည်။

အစည်းအဝေးခန်းမထဲက ထွက်လာတော့ ကိုကိုနှင့် သားသားကို တွေ့လိုက်ရတော့ ယူရီပျော်သွားသည်။အစည်းအဝေး ခန်းမထဲ၌ ရှိနေသည့် တလျှောက်လုံး ကိုကိုသာ သားကို ခေါ်ပြီး အိမ်ပြန်သွားလျှင် ဘယ်လိုလုပ်ရမလဲ?ဟုတွေးနေခဲ့မိသည် မဟုတ်လား?

"ကိုကို"
...........
ယူရီက ကလေးငယ်လေး သဖွယ် အစည်းအဝေး ခန်းမထဲက ထွက်လာလာချင်း ကျတော်နှင့် သားဆီကို ပြေးလာသည်။ကျ ‌ေတာ်တို့ သားအဖကို မြင်လျှင် ပြုံးရွှင်သွားသည့် ယူရီ့မျက်နှာလေးကြောင့် ကျတော်လည်း အလိုလို ပျော်သွားရသည်။

နောက်ကနေ ယူရီ့အင်္ကျီကို လှမ်းဆွဲထားသည့် အန်တီနီနာ့ကြောင့် ယူရီ့ခြေလှမ်းတွေ က
ရပ်သွားသည်။ပြီးတော့ ခြေလှမ်းမှန်မှန်လေးဖြင့်ပင် ကျတော်တို့ဆီသို့ လျှောက်လာလေသည်။ကျတော်တို့ သားအဖအနီး၌ ရပ်ကာ အတွင်းရေးမှူးမလေးဆီကို လှမ်းကြည့်လိုက်သည်။

မြတ်နိုးခြင်းရိပ်မြုံ🔞(BL Fiction)حيث تعيش القصص. اكتشف الآن