part 26(Completed)

11.7K 279 7
                                    

မြတ်နိုးခြင်း...ရိပ်မြုံ(BL Fic)
အပိုင်း(၂၆)ဇာတ်သိမ်းပိုင်း

"ပွဲစတော့ မလား ဥက္ကဌကြီး"

ဇရာနှင့် လောကဓံကြောင့်
အနည်းငယ်မိှန်‌ေဖျာ့‌ေနတာကလွဲလို့ မွန်ရည်ပြီး၊သပ်သပ်ရပ်ရပ်ရှိသည့် အသွင်အပြင်နှင့် အမျိုးသမီးကြီးက ဘိုးဘွားရိပ်သာ၏ အုပ်ချုပ်သူ တယောက်ဖြစ်သည်။

"ခဏလေး စောင့်ပါဦး ။ကျမမြေးလေး တို့ လာနေပါပြီတဲ့ ရှင်"

"အို ဟုတ်သားပဲ အဟင်း မြေးလေးရဲ့ မွေးနေ့လို့ ပြောထားတာကို၊ကျမကလည်း အသက်ကလေးက ရလာတော့ မေ့သွားတယ် အဟင်းဟင်း"

အားနာသည့် ဟန်ပန်နှင့် အမျိုးသမီးကို ဥက္ကဌကြီးက ပြုံးပြုံးလေးပဲ ငေးကြည့်နေမိတော့သည်။ပြီးတော့ ဝင်ပေါက်ဆီသို့သာ လှမ်း ကြည်ကာမျှော်နေမိပြန်သည်။

အခုဆို နိုနိုရာလေးက အသက် (၅)နှစ်ပင် ရှိနေချေပြီ။ဒီနေ့ကလည်း နိုနိုရာလေး၏ မွေးနေ့ဖြစ်လေသည်။အသက်လေးတဖြည်းဖြည်း ကြီးလာတာနှင့်အမျှ ပိုပိုပြီး ချစ်စရာကောင်းလာလေသည်။
တီတီတာတာတွေလည်း ပြောတတ်သလို၊သူ့ပါပါးနှင့် ဒယ်ဒီက ချစ်ခြင်း အပြည့်နှင့် ပျိုးထောင်ပေးခဲ့လို့လား?သူ့ဗီဇလေးကိုက သန်မာတာလား? မသိပေမယ့် အဘွားလုပ်သူက ပြန်ချွဲလို့ရအောင်ပင် နွေးထွေးသည့် ကောင်ငယ်လေး တယောက်ဖြစ်လာသည်။

"ငါ့မြေးမျက်နှာလေးကို မြင်လိုက်မှ ပဲ ရင်ထဲအေးသွားတော့တယ်၊ဒီနေ့တနေ့လုံး ရင်းနှီးမြှုပ်နှံမယ့် သူတွေနဲ့ စကားပြောရတာ ပင်ပန်းလိုက်တာကွယ်"

လို့များ သူ့ကို ပွေ့ဖက်ပြီး တော့ ညည်းညူမိရင် သူ့ရင်ခွင်သေးသေးလေးထဲမှာ ဘွားအေဖြစ်သူကို ထည့်ပြီး ပြန် ပွေ့ဖက်ထားပေးတတ်သည်။

"သားကြီးလာရင် ဘွားဘွား အလုပ်တွေအကုန်လုံးကို ကူလုပ်ပေးမယ်နော်"

လို့ ပြောကာ နောက်ကျောလေးကိုပင် ပုတ်ပေးတတ်နေပြီ။တနေ့ထက် တနေ့ ဒီမြေးလေးကို ချစ်ရတာလောက် စိတ်ချမ်းသာ‌စရာ ကောင်းတာလည်း မရှိတော့ပေ။

မြေးအကြောင်းကို များ တွေးမိရင် ဥက္ကဌကြီး၏ မျက်နှာက အလိုလိုနေရင်း ပြုံးနေတတ်သည်။

You've reached the end of published parts.

⏰ Last updated: Jan 28, 2023 ⏰

Add this story to your Library to get notified about new parts!

မြတ်နိုးခြင်းရိပ်မြုံ🔞(BL Fiction)Where stories live. Discover now