part 19

3.1K 137 2
                                    

မြတ်နိုးခြင်း...ရိပ်မြုံ(BL Fic)
အပိုင်း(၁၉)
ဒီနေ့က ယူရီလည်း ရုံးပိတ်သည်။ကိုကိုလည်း ဆိုင်ပိတ်သည်။ဆိုင်သာ ပိတ်ထားတယ် ကိုကိုက မနားရပါဘူး အိမ်မှာလည်း မီးဖိုချောင်ဝင်နေရတာကိုး။

ကိုကို ချက်ပြုတ်၊လှီးဖြတ်နေသည့် စားပွဲအနီးမှာ ထိုင်ကာ ယူရီက သားသားကို ပွေ့ထားပြီး ပုံပြင်စာအုပ် ဖတ်ပြနေလေသည်။သားသားက ယူရီ့မျက်နှာကို မော့ကာ ကြည့်နေသည်။ပုံပြင်ကို ကောင်းကောင်း နားလည် သည့် အရွယ်လေး မဟုတ်ပေမယ့် ယူရီ က အသံနေ၊အသံထားနှင့် အမူအရာတွေ နှင့် ဖတ်ပြနေတာကြောင့် ယူရီ့မျက်နှာကို သေသေချာချာ ကြည့်ကာ ယူရီ ရယ်နေလျှင် လိုက်ပြီး တခစ်ခစ်နှင့် ရယ်နေတတ်သည်။

"ရှေ့လဆို သားသားက တနှစ် ပြည့်တော့မယ်နော်ကိုကို ဖြည့်စွက်စာ ကျွေးလို့ ရတော့မှာလား ဟင်"

"ပူတင်းလေးတွေကို သကြားမပါပဲ ကိုကိုလုပ်ထားတယ်။သားသားကို ကျွေးကြည့်မလား အခု"?

ကိုကိုက မုန့်ဟင်းခါး ဟင်းရည်အိုးကတဖက် ၊မုန့်လုပ်နေတာက တဖက်နှင့် လုပ်နေရာမှ ယူရီ့ကို ပြန်တိုင်ပင်နေသည်။

"အင်း သူ အခုမှ နို့သောက်ထားတာ ကိုကိုရဲ့ ခဏနေအိပ်တော့မှာ အိပ်ရာက နိုးလာ မှ နည်းနည်းချင်းစီကျွေးကြည့်မယ် နော့
ဟုတ်လား သား"?

"ခစ်ခစ်ခစ်"

သားသားကခိုးခိုးခစ်ခစ်ရယ်နေသည်။ချစ်စရာကောင်းလိုက်တာ။

"ခေါ်ပါဦး သားရဲ့ ပါပါးလို့"

"ပါပါး အဲ့အဲ့"

"ဒယ်ဒီ"

"အယ်ဒီ"

သားသား ၏ မပီကလာ ပီကလာ အသံလေးကြောင့် ကိုကို နှင့် ယူရီ ပြိုင်တူ ရယ်လိုက်ကြသည်။

"ကိုကိုသိလား? ယူရီ ငယ်တုန်းကဆို ကျောင်းကို သွားရင် တွေ့တဲ့ လူတိုင်းက ကလေးလေးက ချစ်စရာလေးလို့ ပြောကြတာ"

ကိုကိုက ကျနေပြီဖြစ်တဲ့ မုန့်ဟင်းခါး ဟင်းရည်အိုးလေးကို မီးဖိုပေါ်မှ ချလိုက်သည်။နှစ်ယောက်စာ ပဲ ချက်ထားတာမို့ အိုးသေးသေးလေးနှင့်ပင် ရသည်။

မြတ်နိုးခြင်းရိပ်မြုံ🔞(BL Fiction)Where stories live. Discover now