တစ်ရက်ပြီးတစ်ရက် တီချယ့်ကို ခိုးခိုးကြည့်လိုက် ကျူရှင်မှာ စနောက်လိုက် ရယ်မောလိုက်နဲ့ ရှိုင်းနဲ့တီချယ်တို့ အတော်ရင်းနှီးလာကြသည်။ မာမီမှာ နောက်ပိုင်းလာမကြိုတော့ပါ။ထို့ကြောင့် ရှိုင်း တီချယ်နှင့်အတူတူပြန်သည်။ တီချယ်၏အိမ်မှာ အလွန်ဝေးသည်။ Busစီး၍ပြန်ရသည်။ ရှိုင်းသည်လည်း အိမ်သို့ Busနှစ်မှတ်တိုင်လောက်စီးရသည်။ သို့သော် မှတ်တိုင်ချင်းမတူပါ။ ရှိုင်းမှာ ကားလမ်းကူးပြီးပြိီးချင်းတွေ့ရသည့် မှတ်တိုင်တွင် စီးရပြီး တီချယ်မှာ လမ်းကွေ့အကျော်က မှတ်တိုင်တွင် စီးရသည်။ ရှိုင်းနှင့် တီချယ် နေသည့်နေရာမှာ တောင်နှင့်မြောက်ပင်။ အတိအကျပြောလျှင် 4မိုင်ကျော်ကျော်ဝေးသည်။ တီချယ်နှင့် အတူတူပြန်သည့်နေတိုင်း ကျောခိုင်းထွက်သွားသည့် တီချယ့်ကျောပြင်လေးမှာ လွမ်းမောစရာကောင်းလှသည်။
တနေ့ ကျူရှင်တွင် စာသင်နေရင်း စကားစမိရာ LGBTအကြောင်းသို့ရောက်သွားတယ်။ ထိုအချိန်တွင် တီချယ်မှ
'ရှိုင်းလည်း ကြိုက်နေတဲ့သူ ရှိမှာပေါ့နော်'
'ရှိတယ်လေ ဆရာမ'ဟုသဒ္ဓါကပြောလိုက်သည်။
'ဟုတ်လား ဘယ်သူလဲ'
'တီချယ်လေ'ဟု ေရွှစင်မှပြောလိုက်သည်။
တီချယ်ရှက်သွားဟန်ရသည်။ တီချယ့် မျက်နှာ တစ်ခုလုံးရဲတွတ်သွားပြီး ရီသာရီနေသည်။ ရှိုင်း၏သူငယ်ချင်းများ၏ အချွန်နဲ့မမှုဖြင့် ရှိုင်း တီချယ့်ကို ချစ်နေကြောင်း တီချယ်သိသွားခဲ့သည်။
ရှိုင်းအိမ်သို့ ပြန်ရောက်သောအခါ လုပ်နေကြအတိုင်း Diaryစာအုပ်ထဲတွင် ဖြစ်သမျှအကြောင်း အကုန်ချရေးခဲ့သည်။ နောက်နေ့တွင် တီချယ် လွယ်အိတ်စစ်ရမည့်နေဖြစ်သည်။ သူမရှေ့တွင် ရှိုင်းဘယ်လိုမျက်နှာပြရမည်ကို တွေးပူနေတော့သည်။
ရှိုင်းတို့ကျောင်းမှာ အလွန်စည်းကမ်းကြီးသောကြောင့် လွယ်အိတ်စစ်ရသည်။
'ဒီနေ့ တီချယ်လွယ်အိတ်စစ်မှာ ရှိုင်းမင်းသေပြီဘဲ'ကျောင်းဝင်းသို့ အဝင် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
YOU ARE READING
ကံ့ကော် (mesua ferrea)
Romanceကံကော်ပန်းတွေကို မြတ်နိုးတတ်တဲ့ အမျိုးသမီးကိုမှ ချစ်မိသွားပြီထင်ပါရဲ့... တီချယ်က ကျနော့်နတ်သမီးလေးပါ 'ဒေါ် အိန္ဒြေဇင်သန့် '