ကံ့ကော်(mesua ferrea)part-12(Final)

3.4K 146 10
                                    

နွေရာသီကျောင်းသုံးလ ပိတ်သည့်အချိန်တွင် ရှိုင်း ထမင်းမစားသည့်ရက်ကများသည်။ လူကလည်းပိန်ချုံးနေသည်။ တနေ့တနေ့ ကော်ဖီများသာသောက်နေသည်။  ထိုသို့နှင့် တရက်ပြီး တရက်အသက်ဆက်နေလေသည်။ အခန်းထဲမှ အခန်းပြင်မထွက် သီချင်းနားထောင်လိုက် စာအုပ်တေဖတ်လိုက် ဂိမ်းဆော့လိုက်နှင့်သာ အချိန်ကုန်နေလေသည်။

ရှိုင်း ရင်ဘက် ခဏခဏအောင့်လာသည်။ သို့သော်မာမီကို မပြောချေ။ ဤသို့နှင့် ၅လပိုင်းအစတွင် ရှိုင်း ရင်ဘက်အောင့်ကာ သတိလစ်ခဲ့ရသည်။ ထို့ကြောင့် ဆေးရုံတင်လိုက်ရသည်။ ရှိုင်းမှာ ကော်ဖီအသောက်လွန်၍ နှလုံးခုန်နှုန်းမြန်သည့်ရောဂါ ရနေလေပြီ။ ရှိုင်းတို့သိလိုက်ရချိန်မှာ အလွန်မနောက်ကျသေးသော်လည်း နှလုံးအစားထိုးကုရမည်ဖြစ်သည်။ နှလုံးအစားထိုးမကုလျှင် ၁နှစ်ခွဲ၂နှစ်သာ အချိန်ကျန်တော့သည်။

မာမီမှာ ရှိုင်းကို နိုင်ငံခြားတွင်ဆေးသွားကုမည်ဟုပြောသော်လည်း ရှိုင်းသူမနှင့် ဝေးရာကို ထွက်မသွားချင်သောကြောင့် ငြင်းခဲ့သည်။

ရှိုင်းက သူ့ရောဂါကို မည်သူ့ကိုမျှမပြောပြခိုင်းချေ။  အထူးသဖြင့် တီချယ့်ကိုပေါ့။ သည်လိုနှင့် Grade-11နှစ်တွင်လည်း တီချယ်နှင့် ရှောင်နေခဲ့သည်။ သို့သော် တီချယ့်ကို အနောက်မှ ခိုးလိုက်ကာ စောက်ရှောက်ပေးလေသည်။ မာမီကလည်း ရှိုင်းနားတွင် Body Guardတယောက်အမြဲထားထားသည်။ ရှိုင်းလုပ်ချင် သမျှအကုန်လိုက်လုပ်ပေးရသည်။ မာမီမှ ရှိုင်းအား စိတ်ချမ်းသာအောင်ထားသည်။

Grade-12နှစ်တွင်လည်း တီချယ့်အား အရိပ်တကြည့်ကြည့်နှင့်ပင်။ ရှိုင်းကျန်းမာရေးပိုပိုဆိုးလာသည်။ သည်လိုနှင့် Grade-12စာမေးပွဲပြီးသည့် နောက်ဆုံးနေ့တွင် တီချယ်မှ ရှိုင်းအား ပြောစရာရှိသည်ဟုဆိုကာ မ နက်​​ဖြန်ကျရ်င မုန့်သွားစားမယ်ဟုဆိုကာ ချိန်းလိုက်သည်။

ရှိုင်းကို တီချယ်ခေါ်သွားသည့်​​​ေနရာမှာ မှော်ဘီတွင်ရှိသော ကံ့ကော်ခြံတစ်ခြံပင်။ ထိုကံ့ကော်ခြံတွင် ရေကန်လေးတစ်ခုလည်းရှိသည်။ တီချယ်နှင့် နှစ်ယောက်တည်းသွားချင်သဖြင့် ရှိုင်း Body Guardအားထားခဲ့သည်။ တီချယ်မှ ထိုခြံလေးကို တစ်ရက် ငှားကာ ရှိုင်းကို ခေါ်လာခဲ့ခြင်းဖြစ်သည်။ တီချယ်ကိုယ်တိုင် ကားမောင်း၍ ရှိုင်းကိုလာခေါ်သည်။ ထို့နောက် ကံ့ကော်ပင်တန်းကြီး၏ 15ပင်မြောက်အောက်သို့ရောက်သောအခါ ဒန်းလေးတစ်ခုအားတွေ့၍ တီချယ်က ထိုဒန်းလေးတွင်ထိုင်လိုက်သည်။ ထိုဒန်းလေးအရှေ့တွင် ရေကန်ကြီးရှိသည်။

ကံ့ကော် (mesua ferrea)Where stories live. Discover now