ရှိုင်းအလွန်ပျော်သည်။ ရှိုင်းချစ်ရတဲ့ အမျိုးသမီးလေးက ရှိုင်းပေးထားသည့် ပန်းလေးတစ်ပွင့်ကို အမြတ်တနိုး ပန်ထားသည် မဟုတ်လော။ ထိုပန်းလေးမှာ တန်ဖိုးများစွာမရှိပင်မဲ့ အဓိပ္ပါယ်များစွာတော့ရှိနေလေသည်။
__________
အချိန်တွေ တရွေ့ရွေ့ကုန်လာတာ 12လပိုင်းအစသို့ရောက်လာလေပြီ။ ဒီကြားထဲတွင် အရင်တိုင်း တီချယ်နဲ့ ညဘက်ဖုန်းထဲက စကားပြောလိုက် ပျော်လိုက်ရွှင်လိုက်ကြနှင့်ပင်။
ယနေ့မှာ ဒီဇင်ဘာလ 6ရက်နေ့ပင်။ အင်္ဂါနေ့ဖြစ်သောကြောင့် တီချယ်ကျူရှင်ဝင်ရမည့်နေ့ဖြစ်သည်။
ဒီနေ့ကျောင်းမှာကတည်းက မိကျော်မှာ တစ်ဖွဲ့လုံးကို လိုက်နမ်းနေလေသည်။ ထိုထဲတွင် ရှိုင်းနှင့် အဆုမပါပေ။ သူတို့နှစ်ယောက်မှာ ထွက်ပြေးနေလေသည်။ ထို့နော် များမကြာမီ အဆုနမ်းခံလိုက်ရသည်။ ရှိုင်းမှာ ထွက်ပြေးနေဆဲပင်။ ထို့နောက် သူတို့အချင်းချင်း ပြန်နမ်းနေကြသဖြင့် ရှိုင်းလွတ်ပြီထင်ကာ ကိုယ့်နေရာကိုယ်ပြန်ထိုင်ကာ စာလုပ်နေလိုက်သည်။
ထို့နောက် ရှိုင်းပါးကို ရွှတ်ခနဲလာနမ်းသွားသဖြင့်လှည့်ရာ ရွှေစင်ဖြစ်နေသည်။
'ဟာ..ရွှေစင်ရာ ငါမကြိုက်ပါဘူး ဆိုနေကာမှ'ရှိုင်းအသံမှာ နဲနဲကျယ်သွားသည်။
ထို့နောက် အိမ်သာသို့သွားကာ ဘေစင်တွင် မျက်နှာသစ်လိုက်သည်။ အတန်းထဲသို့ပြန်ရောက်ချိန်တွင် ရွှေစင် စိတ်မကောင်းဖြစ်နေပုံရသည်။ ရှိုင်းမှာချော့ရပြန်သည်။
'ရွှေစင်ရယ် ငါကငါ့ပါးကိုနမ်းတာ မကြိုက်လို့ပါဟာ
နင်က ဖျက်ခနဲနမ်းသွားတော့ ငါနဲနဲဒေါသထွက်သွားလို့ပါဟာ စိတ်မကောင်းမဖြစ်ပါနဲ့နော် နောက်နင်နမ်းချင်ရင် ငါ့ကိုပြော ငါနမ်းခိုင်းမယ် ဟုပလား''တကယ်နော် နင်ပြောတာနော် ပြီးတာဘဲ'
ထို့နောက် ကျူရှင်တွင် တီချယ်စာမသင်ခင် ခဏမုန့်စားခွင့်ပေးထားသည်။ မိကျော်မှာ လိုက်နမ်းဆဲပင်။ ထို့နောက် တီချယ့်အား နမ်းလို့ရမလားဟု သူမေးလိုက်သည်။ တီချယ်မှ'နမ်းချင်ရင်နမ်းပေါ့'ဟုပြန်ပြောလိုက်သ်ည။
YOU ARE READING
ကံ့ကော် (mesua ferrea)
Romanceကံကော်ပန်းတွေကို မြတ်နိုးတတ်တဲ့ အမျိုးသမီးကိုမှ ချစ်မိသွားပြီထင်ပါရဲ့... တီချယ်က ကျနော့်နတ်သမီးလေးပါ 'ဒေါ် အိန္ဒြေဇင်သန့် '