ရှိုင်းတို့ အိပ်နေကြသည်မှာ ညဥ့်နက်ပိုင်းသို့ရောက်လာလေပြီ။ ရှိုင်း၏ အခန်းတွင်းမှ အသံတိုးတိုးလေး တစ်ခုကြားနေရသည်။
'တီချယ်...တီချယ်...တီချယ်...'ဟုအော်ကာ လန့်နိုးလားသောရှိုင်း။ မျက်နှာ တစ်ခုလုံးတွင် ချွေးများနှင့်ပင်။ ခေါင်းထဲမှလည်း ထိုးကိုက်နေသည်။ ရှိုင်း သူဖျားနေပြီ ဆိုတာကို သိလိုက်သည်။
ရှိုင်းမှာ လူတစ်မျိုး။ သူဘယ်လောက်ဘဲနေမကောင်းဖြစ်နေပါစေ မည်သူကိုမှ မပြောပြတတ်သည့် အကျင့်လေးတစ်ခုရှိသည်။ ထို့ပြင် ရှိုင်းနေမကောင်းဖြစ်လျှင် မည်သူမှမသိ။ ရှိုင်းမျက်နှာ ပုံစံမပျက် အရင်တိုင်း ပြုံးမြဲ ပြုံးဆဲပင်။
ရှိုက်းရေတစ်ခွက်ထသောက်ကာ နာရီကြည့်လိုက်သည်။ အချိန်မှာ ၄နာရီခွဲပင် ဖြစ်နေပြီ။ ရှိုင်းဖုန်းဖွင့်ကြည့်လိုက်ချိန် တီချယ် လိုင်းပေါ်တွင်ရှိနေသည်။
'Good morning တီချယ်'ရှိုင်းဘက်မှ စ၍ စာပို့လိုက်သည်။
'Good morning
သမီး'ဟု ပြန်ပို့လိုက်သည်။'နိုးနေတာလား'ဟုစာတကြောင်း ထပ်ပို့ပြန်သည်။
'စာထလုပ်တာ တီချယ်'ရှိုင်းလိမ်လိုက်သည်။ နေမကောင်းဖြစ်နေသည်ဟု တီချယ် သိလျှင် စိတ်ပူမည် ဆိုး၍ပင်။
'အော်'
'တီချယ်ကော'
'တီချယ်က ထမင်းချိုင့်အတွက် ဟင်းထချက်တာ သမီး'
'အော်'
'အေး အေး စာကြည့်လိုက်အုန်း
တီချယ်လည်း ဟင်းချက်လိုက်အုန်းမယ်''ဟုတ်ကဲ့'
ထိုနောက် နှစ်ယောက်လုံး လိုင်းပေါ်မှ ပြန်ဆင်းခဲ့သည်။ ရှိုင်းမှာ အိပ်မပျော်သဖြင့် ဟိုလှိမ့် သည်လှိမ့်နှင့်ပင်။ ခေါင်းမှာလည်း ထိုးထိုးကိုက်လာသည်။ မျက်မှန် သမားဖြစ်သဖြင့် ပိုဆိုးသည်။
သည်လိုနှင့် မနက်မိုးလင်းလာ၍ ရှိုင်းပြင်ဆင်ကာ ကျောင်းသို့ထွက်လာခဲ့သည်။ ကျောင်းသို့ရောက်ခါနီးတွင် တီချယ်နှင့်တွေ့သဖြင့် တီချယ်အိတ်အား ကူသယ်ရာ ရှိုင်း တီချယ့် လက်သွယ်သွယ်လေးများနှင့် အမှတ်တမဲ့ ထိတွေ့ခဲ့သည်။
YOU ARE READING
ကံ့ကော် (mesua ferrea)
Romanceကံကော်ပန်းတွေကို မြတ်နိုးတတ်တဲ့ အမျိုးသမီးကိုမှ ချစ်မိသွားပြီထင်ပါရဲ့... တီချယ်က ကျနော့်နတ်သမီးလေးပါ 'ဒေါ် အိန္ဒြေဇင်သန့် '