“နေကြာတစ်ပွင့် ဖြစ်လင့်ကစား
သူ့ခွန်အားနှင့် ပင်လွှားတင့်သည်...နေ၏ရောင်ခြည် သူမျှော်ရည်လည်း
ချစ်သည်တစ်ပါး ပိုမထားခဲ့.....ကိုယ်ရောင်ကိုယ်ဝါ ယှဉ်သောခါဝယ်
နေနှင့်နေကြာ ဘယ်သူသာလိမ့်.....။နေကြာအလှ မာန်မာနကို
ကဗျာသရန် ကြိုးစားပြန်လည်း......
အမှန်လက်လျော့ ခဲ့ရပြီ.........။”(အမည်မသိကဗျာစာဆို)
နေကြာပန်းများသည် နေ၏ရောင်ခြည်ဖြင့် ပွင့်လန်းဝေဆာလေသည်။ နေ၏ရောင်ခြည် ရှိမှသာ နေကြာပန်းများသည် အသက်ရှင်နိုင်သည်။ နေကြာပန်းများသည် နေရောင်ခြည် သွားရာနောက်သို့ လိုက်၍ပွင့်လန်းကြသည်။ သို့သော် ညရောက်သောအခါဝယ် နေကြာပန်းများသည် အိပ်စက်ကြလေသည်။ လရောင်ဖြင့် နေကြာပန်းများသည် အသက်မရှင်နိုင်ပါ............။
၂၀၀၆ခုနှစ် ၇လပိုင်း ၁၃ရက်..............
ဒေါ်ခင်စံပယ်လှိုင်မှ သားလေးတစ်ယောက်မွေးဖွား လေသည်။ ဒေါ်ခင်စံပယ်၏ ယောက်ျားဖြစ်သူ ဦးအောင်နိုင်ဇော်သည် အလွန်ပျော်ရှာလေသည်။ ဦးအောင်နိုင်ဇော်သည် သားလေးလိုချင်သောကြောင့် သားလေးမွေးဖွားလာသောအခါ ပျော်ရှာလေသည်။ ဦးအောင်နိုင်ဇော်သည် “Grand Land” ကုမ္ပဏီရဲ့ ပိုင်ရှင်ဖြစ်သည်။ “Grand Land” ကုမ္ပဏီသည် ငွေတိုးချေး ကုမ္ပဏီ ဖြစ်သောကြောင့် ဦးအောင်နိုင်ဇော်တို့က ချမ်းသာတာပေါ့။ ချမ်းသာတာဆိုရင် မန္တလေးမှာ သူ့မသိတဲ့သူဆိုတာ ခပ်ရှားရှားပေါ့.....။
“မိန်းမရေ.....ကိုယ်အလုပ်သွားတော့မယ်.....အပြန်ကြရင် မင်းအတွက်ရော သားလေးအတွက်ရော KFCကြက်ကြော်နဲ့ အခြားအစားအစာတွေဝယ်ခဲ့မယ်......”
“ဟုတ်ပါပြီရှင်.....ဒါပေမယ့် သားလေးအတွက်ဆိုရင် Organicလေးသာဝယ်ခဲ့”
(Organic ဆိုသည်မှာ ကလေးစားဆန်မှုန့် တံဆိပ်ဖြစ်သည်။)“ကလေးစားမရလည်း မင်းစားပေါ့ကွာ.....ပြီးတော့ မင်းမှာတဲ့ ကလေးအတွက် ဆိုတဲ့ဟာ ဝယ်ခဲ့မယ်..”
“ဟုတ်ပါပြီရှင်......ဂရုစိုက်မောင်းနော် မလောနဲ့ ဖြည်းဖြည်းမောင်း...”
YOU ARE READING
လရောင်ဖြင့် ရှင်သန်သော နေကြာ [ongoing]
Non-Fictionနေကြာပန်းလေးတွေက နေရောင်ခြည်ရှိမှသာ ပွင့်လန်းနိုင်ကြသည်။