ထမင်းစားပြီးကြလေတော့ ဦးအောင်နိုင်ဇော် ခြံထဲတွင် လမ်းလျှောက်လေသည်။ မခင်စံပယ်ကတော့ အပေါ်ထပ်သို့တက်သွား၍ သားလေးအတွက်လိုအပ်တဲ့ ပစ္စည်းလေးတွေဝယ်ရန် စာရင်းပြုစုနေလေသည်။ ထိုအချိန် ကလေးမှ နိုးလာ၍ ငိုလေသည်။ မခင်စံပယ်လည်း ပလေးကိုကောက်၍ ပွေ့ချီကာ နို့တိုက်လေသည်။ ဦးအောင်နိုင်ဇော်မှ ကလေးငိုသံကြား၍ အပေါ်ထပ်သို့ပြေးတက်လာလေသည်။ ကလေးကနိုးလို့နို့ဆာလို့ ငိုသည်ဆိုမှ ဦးအောင်နိုင်ဇော်တစ်ယောက် ရင်ထဲမှ အမောကြီး ကျသွားလေသည်။
“အမလေး.....ရှင်များသိပ်အဖြစ်သည်းနော် အပေါ်ထပ်မှာ ကျွန်မတစ်ယောက်လုံးရှိပါတယ်ရှင်.......”
“မသိလို့ပေါ့ဗျာ ကိုယ်တို့မှ ဒီသားလေး တစ်ယောက်ပဲရှိတာ စိတ်ပူတာပေါ့လို့”
ဦးအောင်နိုင်ဇော်တို့ရဲ့ အိမ်ကြီးသည် သုံးထပ်ဖြစ်၍ အလျားပေ၆၀ အနံပေ၁၀၀လောက်ကြီးမား ကျယ်ဝန်းလေသည်။ အိမ်ရှေ့ခန်းတွင် ဘာတွေပဲဖြစ်နေပါစေ အနောက်မှမကြားရချေ။ တတိယထပ်တွင် ကလေးငိုသံကို ဒုတိယထပ်မှ အိမ်ပေါ်ခြံထဲတွင် လမ်းလျှောက်နေသော ဦးအောင်နိုင်ဇော် ကြားရသည်ဆိုတာ ထူးဆန်းလှပေသည်။ ဦးအောင်နိုင်ဇော် ဒုတိယထပ်သို့ ပြန်ဆင်းသွားပြီး ဧည့်ခန်းထဲတွင်ထိုင်ကာ မခင်ဆန်းလှီးပေးထားသော အသီးအနှံများကိုစား၍ TVကြည့်နေလေသည်။
မခင်ဆန်းလည်း သူ့အခန်းထဲသို့ ဝင်ပြီး air conditionerဖွင့်ကာ အိပ်လေသည်။ အိမ်အကူတွေကိုတောင် တစ်ယောက်တစ်ခန်းအပြင် air conditionerတစ်လုံးစီဖြင့် ထားသောဦးအောင်နိုင်ဇော် ဘယ်လောက်တောင်ချမ်းသာလိုက်လဲဆိုရင် တွေးသာတွေးကြည့်ပါတော့ဗျာ......။ မခင်စံပယ်ကတော့ သမီးလေးချော့သိပ်ပြီး သမီးလေးဘေးတွင် အိပ်ပျော်သွားလေသည်။ ဦးအောင်နိုင်ဇော်ကတော့ တီဗွီကြည့်နေတာကြောင့် မအိပ်သေးချေ။ ခနကြာတော့ သူလည်း အခန်းထဲသို့ ဝင်သွားပြီး အိပ်လေသည်။
နံနက်ရောက်တော့ မခင်ဆန်းက အကုန်လုံးစားရန်အတွက် နံနက်စာပြုလုပ်ပေးနေလေသည်။ မခင်စံပယ်က နံနက်စာ စားဖို့ဆင်းလာလေသည်။ သားလေးကိုတော့ အိမ်တော်ထိန်း ဒေါ်ဝင့်ဝါအောင်က သန့်ရှင်းရေးလုပ်ပေးနေလေသည်။ ဦးအောင်နိုင်ဇော်ကတော့ အလုပ်မှာ အစည်းအဝေးရှိတာကြောင့် နံနက်အစောကြီးထပြီး အလုပ်သွားလေသည်။ ဦးအောင်နိုင်ဇော်က အစားအစာကို ကြုံရာစားတတ်သူဖြစ်သည်။
YOU ARE READING
လရောင်ဖြင့် ရှင်သန်သော နေကြာ [ongoing]
Não Ficçãoနေကြာပန်းလေးတွေက နေရောင်ခြည်ရှိမှသာ ပွင့်လန်းနိုင်ကြသည်။