“အဘွားသက်သာလား....”
“ဟုတ် သက်သာတယ် ညီ”
“ဟုတ် အကို အလုပ်ပိရက်တွေဘာတွေမရှိဘူးလား.....”
“ရှိတော့ရှိတာပေါ့ ညီရာ ဒါပေမယ့် ပိတ်ရက်ကြရင် အကိုကအိမ်အလုပ်တွေ လုပ်ရသေးတယ်လေ......”
“အော်.......ဒါဆိုမအားဘူးပေါ့.....”
“ဟုတ် ညီဘာလို့လဲ”
မျက်နှာညိုးသွားသော လင်းခန့်ကို ဉာဏ်လင်းအောင်မှ တွေဝေသောမျက်နှာဖြင့် မေးလိုက်လေသည်။
“အော်.......ဘာရယ်မဟုတ်ပါဘူး အကိုလည်းအလုပ်တွေလုပ်နေရတော့ ပိတ်ရက်လေး ကျွန်တော်တို့နဲ့ လျှောက်လည်မလားလို့ပါ......”
“အော်.....ညီကဘယ်သွားချင်လို့လဲ”
“ဒီလိုပါ ဦးတည်ရာပေါ့.....”
“ဟုတ်ပါပြီ ညီကအကို့ကို ကူညီထားတာပဲ အကိုပြန်ကူညီရမှာပေါ့”
“ဟာ......အဲ့လိုစိတ်နဲ့ဆိုရင် မလိုက်နဲ့......!”
“ကဲဗျာ လိုက်ချင်တယ် သွားချင်တယ် ဟုတ်ပြီလား”
ဉာဏ်လင်းအောင် တစ်ယောက်ပြုံးရင်းပြန်ဖြေလိုက်သော စကားကြောင့် လင်းခန့်ပြုံးပြီး နဲနဲရှက်သွားလေသည်......။ ဒီအချိန်မှာပင် စိမ်းကလှမ်းအော်လေသည်.......။
“အမလေး.......တစ်ချို့တွေများ ပွဲရှိတာတောင် မေ့နေတာလား မသိဘူးရယ်.......”
“ဟုတ်ပဟယ်.......ဒီလိုပါပဲ ယောက်ျားနဲ့တွေ့တော့ အရာအားလုံးမေ့တယ်ဆိုတာ......”
စိမ်းနဲ့မှုန်တို့ ပြောလိုက်သောစကားကြောင့် လင်းခန့် ခေါင်းကိုဟိုဘက်လှည့်ကာ ပြုံးရင်းရှက်ဟန်ပုံပေါ်သည်။ လင်းခန့် စားပွဲသို့ပြန်သွားပြီး ဉာဏ်လင်းအောင်လည်း သူ့အလုပ်နေရာသို့ ပြန်သွားလေသည်။ ခနအကြာမှာတော့ လင်းခန့်တို့ ကားဖြင့်ပြန်သွားလေသည်။ အိမ်ရောက်တော့ ထပ်ဝယ်လာသော ပစ္စည်းများနှင့် ဝယ်ထားပြီးသော ပစ္စည်းများကို ယူ၍လသာဆောင်သို့ တက်သွားလေသည်။ ဆိုဂျူလေးသောက်လိုက် အမြည်းလေးတွေစားလိုက်နဲ့ သီချင်းလေးတွေအော်ဆိုနေကြတာပေါ့။ လင်းခန့်အိပ်ချင်လာ၍ သူ့အခန်းသို့ပြန်လေသည်။ အောင်မင်းခန့်ကတော့ အရမ်းမမူးသေးခင်ပြန်လေသည်။ စိမ်းနဲ့မှုန်တို့ကတော့ ရည်းစားတွေအတိုင်း တစ်ယောက်နဲ့တစ်ယောက် ကျီဆယ် ဖက်လိုက် နမ်းလိုက်နဲ့ သောက်ရင်းမူးနေကြလေသည်။ အချိန်သည် ၁၁နာရီဖြစ်တာကြောင့် သူတို့လည်း အခန်းသို့ပြန်သွားလေသည်။
YOU ARE READING
လရောင်ဖြင့် ရှင်သန်သော နေကြာ [ongoing]
No Ficciónနေကြာပန်းလေးတွေက နေရောင်ခြည်ရှိမှသာ ပွင့်လန်းနိုင်ကြသည်။